Pages

Pages

သတင်းမီဒီယာသမားများ အရည်အသွေးမြှင့်တင်ရေးသင်တန်း(၆/၂၀၂၃) သင်တန်းဆင်းပွဲ ကျင်းပ


ရန်ကုန် စက်တင်ဘာ ၂၅

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ကြီးမှူးကျင်းပသည့် သတင်းမီဒီယာသမားများ အရည်အသွေးမြှင့်တင်ရေးသင်တန်း (၆/၂၀၂၃) သင်တန်းဆင်းပွဲကို ယမန်နေ့က မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီရုံး သင်တန်းခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းမောင်(မြင်းမူမောင်နိုင်မိုး)၊ ကောင်စီဝင်များနှင့် သင်တန်းသား သင်တန်းသူ ၂၅ ဦး တက်ရောက်ကြသည်။

သင်တန်းဆင်းပွဲတွင် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူ မောင်နိုင်မိုး)က သင်တန်းဆင်း အမှာစကားပြောကြားရာ ယခုသင်တန်းတွင် သတင်းမီဒီယာသမားတစ်ဦးအတွက် မရှိမဖြစ်လိုအပ်သော သတင်းရေးသားနည်း၊ သတင်းထောက်လှမ်းနည်း၊ သတင်းအနက်ကောက်နည်း စသည့် သတင်းမီဒီယာဆိုင်ရာအကြောင်းအရာများအပြင် သတင်းတည်းဖြတ်ခြင်းဆိုင်ရာ အယ်ဒီတာတစ်ဦးတွင် ရှိသင့်ရှိထိုက်သည့် အရည်အချင်းများ သတင်းနှင့်ဆက်စပ်သည့် အသိပညာပေးမှုဆိုင်ရာ အကြောင်းအရာများ၊ မြန်မာစာအရေးအဖွဲ့ဆိုင်ရာ အကြောင်းအရာများ၊ ဥပဒေဆိုင်ရာအကြောင်းအရာများ စသည့် သိသင့်သိထိုက်သည်များကို သင်တန်းကာလအတွင်း ထိရောက်အောင်သင်ကြားပို့ချပေးခဲ့ကြောင်း၊ သင်တန်းဖွင့်စဉ်က မှာကြားခဲ့သကဲ့သို့ မိမိတို့လုပ်ငန်းခွင်တွင် ယခုသင်တန်းမှရရှိသော အတွေ့အကြုံများကို အသုံးချပြီး ထူးချွန်ထက်မြက်သော သတင်း သမားများဖြစ်အောင် ဆက်လက်ကြိုးစားဆောင်ရွက်သွားကြစေလိုကြောင်း၊ နိုင်ငံအတွက် အကျိုးပြုသည့် သတင်းမီဒီယာသမားများဖြစ်အောင် ဆက်လက်အားထုတ်သွားစေလိုကြောင်း မှာကြားခဲ့သည်။

ယခုသင်တန်းကို စက်တင်ဘာ ၂၀ ရက်မှ ၂၄ ရက်အထိဖွင့်လှစ်ခဲ့ပြီး သင်တန်းတွင် ထူးချွန်ဆုများအဖြစ်၊ သတင်းရေးသားနည်း ထူးချွန်ဆု၊ မြန်မာကဗျာ ရေးသားနည်းထူးချွန်ဆု၊ ဥပဒေရေးရာ ဘာသာရပ်ထူးချွန်ဆု၊ လျှပ်တစ်ပြက်ကဗျာ ခေါင်းစဉ်တပ်ခြင်းထူးချွန်ဆုများကို ချီးမြှင့်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment