ငဖဲမြို့နယ်၌ မိုးစပါး ၇၉၅၂ ဧက စိုက်ပျိုးပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငဖဲမြို့နယ်၌ မိုးစပါး ၇၉၅၂ ဧက စိုက်ပျိုးပြီးစီး




MNP ၊  စက်တင်ဘာ ၁

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်၌ ၂၀၂၃ ခုနှစ် မိုးစပါးစိုက်ပျိုးရန် (၉၀၅၈)ဧကလျာထားခဲ့ရာ ယနေ့ထိ(၇၉၅၂)ဧက စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


စိုက်ပျိုးပြီးစီးသည့် စပါးမျိုးကွဲအလိုက် စိုက်ဧကမှာ မနောသုခ(၂၉၆၈)ဧက၊ ဆင်းသုခ(၁၁၇၅ )ဧက၊ ရတနာတိုး (၂၂)ဧက၊ ဧရာမင်း (၃၁၈၃)ဧက၊ ဆာပိုးသာ (၃)ဧက၊  ကောက်ညှင်း (၄၈)ဧကနှင့် တောင်ယာ (၅၅၃)ဧက  စုစုပေါင်း (၇၉၅၂ )ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်တွင် မိုးစပါး  ၈၈၃၁ ဧက စိုက်ပျိုးရန်လျာထားခဲ့ရာမှ (၉၀၅၈)ဧက လျာထားချက်ထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ပြီး ရိတ်သိမ်းဧက(၉၀၅၈)ဧကတွင် တစ်ဧကအထွက်နှုန်း ၈၀.၇၄ တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။


မိုးစပါးစိုက်ပျိုးရန်ရေကို အစိုးရဆည်များဖြစ်သော မန်းချောင်းရေလှောင်တမံဆည်မှ (၃၂၀၁)ဧက၊ ရင်းရှည် ရေလှောင်တမံဆည်မှ (၅၃၀)ဧက၊ ဆည်ငယ်၊ ကန်ငယ်များမှ  (၃၃၉၄) ဧက၊ မိုးကောင်းသောက်(၂၇၄)ဧကနှင့် တောင်ယာစိုက်ဧက (၅၅၃) ဧကများသို့ စိုက်ပျိုးရေရရှိ၍ စိုက်ပျိုးပြီးစီးခဲ့ပြီး လျာထားချက်ပြည့်မီရေးအတွက် ဆက်လက်စိုက်ပျိုးလျက်ရှိကြောင်း၊ ငဖဲမြို့နယ်အတွင်းရှိဒေသခံတောင်သူများ မိုးစပါးစိုက်ပျိုးရာသီတွင် သီးနှံများ အောင်မြင်ဖြစ်ထွန်းရေးအတွက် လိုအပ်သောစိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ၊ သွင်းအားစုပစ္စည်းများ၊ သီးနှံမျိုးစေ့များကူညီထောက်ပံ့ပေးခြင်း ဆောင်ရွက်လျက်ရှိပြီး ပိုးမွှားရောဂါများ ကျရောက်မှုမရှိစေရေး ကြိုတင်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများကိုလည်း သက်ဆိုင်ရာဌာနများမှ ကွင်းဝန်ထမ်းများက အနီးကပ်ကြီးကြပ်၍ အသိပညာပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


မယု

https://t.me/MyanmarNationalPost\




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)