Pages

Pages

ကျိုက်ထိုမြို့နယ်တွင် ကမ္ဘာ့ခွေးရူးရောဂါကာကွယ် တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေး





MNP ၊  စက်တင်ဘာ  ၂၈

   မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်တွင် ကမ္ဘာ့ခွေးရူးရောဂါကာကွယ် တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းကိုယနေ့ နံနက်ပိုင်းမှ စတင်ကာကျိုက်ထို မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဝန်ထမ်းများမှ  မြို့နယ်တွင်းရှိ အိမ်မွေးခွေး၊များအား ခွေးရူးရောဂါ ကာကွယ်ဆေး အခမဲ့ ထိုးနှံဆောင်ရွက်ပေးခဲ့သည်။


      အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်း မဆောင်ရွက်မီ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊လက်‌ထောက် ညွှန်ကြား‌ရေးမှူး ဒေါက်တာ ဖြိုးဝင့်ကိုက ဆေးထိုးနှံမည့်  ခွေးများ၏ ပိုင်ရှင်များအား ခွေးရူးရောဂါ ဖြစ်ပွားရသည့် အကြောင်းအရင်းများ၊ ရောဂါကူးစက်သည့် နည်းလမ်းများ၊ ကာကွယ်တားဆီးနိုင်သည့် နည်းလမ်းဆိုင်ရာများအား အသိပညာပေးဟောပြောပြီး  အိမ်မွေးခွေး (၂၀)ကောင်အား အခမဲ့ ခွေးရူးရောဂါကာကွယ်ဆေးများ ထိုးနှံ ပေးကာ  ဆေးထိုးမှတ်တမ်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment