Pages

Pages

မိုင်းတုံမြို့နယ်၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ


MNP ၊  စက်တင်ဘာ  ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ နားကောင်းမူးကျေးရွာအုပ်စု၊ အခြေခံပညာမူလတန်းလွန်စာသင်ကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် (၁၁) နာရီ (၄၀) အချိန်က ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းခိုင်က  လူငယ်များ စာတတ်မြောက်ရေး ဝိုင်းဝန်းကူညီ‌ပေးနှင့် ကလေးအလုပ်သမားပပျောက်ရေးအကြောင်း ဟောပြောခဲ့သည်။ ဆက်လက်ပြီး မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန အားကစားတာဝန်ခံဦး‌ ကျော်ဇင်လတ်က လူငယ်နှင့်အားကစား အခွင့်အလမ်းခေါင်းစဉ်ဖြင့် ဟောပြောခြင်း၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး‌ ဒေါ်ခိုင်ခိုင်သွယ်က စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးပတ်သတ်သည်များကို‌ ဟောပြောပြီးနောက် အခမ်းအနားအပြီးတွင် ကျောင်းသား/ကျောင်းသူများ ဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူကုန်ကူးမှုကာကွယ်တားဆီ‌ရေးအကြောင်းအရာနှင့် ကလေးအလုပ်သမားပပျောက်ရေးအကြောင်း နံရံကပ်စာစောင်နှင့် ဓာတ်ပုံများပြသပေးရာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။


မျိုးကျော်စိုး

https://t.me/MyanmarNationalPost




No comments:

Post a Comment