Pages

Pages

ပုဏ္ဏားကျွန်းမြို့၌ ကျန်းမာရေးဝန်ကြီးဌာနမှ အထူးကုဆရာဝန်ကြီးများက အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေး






MNP ၊  စက်တင်ဘာ  ၂၂

          ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ ဒေသခံပြည်သူများအား ကျန်းမာရေးဝန်ကြီးဌာန၊ နယ်လှည့်အထူးကုအဖွဲ့(ရန်ကုန်)မှ ဒေါက်တာ ကျော်ဇင်ဦး(အထွေထွေကုသမားတော်ကြီး) ဦးဆောင်၍ ထွေထွေရောဂါအထူးကု ဆရာဝန်ကြီးများပါဝင်သည့် ဆေးကုသရေးအဖွဲ့သည် ယနေ့၊ နံနက်(၁၀)နာရီမှ ညနေ(၃)နာရီ အထိ၊ ပုဏ္ဏားကျွန်းမြို့၊ အလယ်စုရပ်ကွက်ရှိ  မြို့မပရိယတ္တိဘုန်းတော်ကြီးကျောင်းတိုက်တွင် ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိသည်။ 


ကျန်းမာရေးစောင့်ရှောက်ပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာန(ရန်ကုန်)မှ ဒေါက်တာ ကျော်ဇင်ဦး ဦးဆောင်သော အထွေထွေရောဂါ အထူးကုဆရာဝန်ကြီးတို့က မြို့မပရိယတ္တိ ဘုန်းတော်ကြီးကျောင်းတိုက်အတွင်းရှိ ဥပုသ်သည် ယောဂီသီလရှင်များအား ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်ပေးပြီး၊ လိုအပ်သည့်ဆေးဝါးများဖြင့် အခမဲ့ကုသပေးခဲ့သည်။


ထိုသို့ကျန်းမာရေးစောင့်ရှောက်ပေးရာတွင် မြို့နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန မှ သူနာပြု ဆရာ/ဆရာမတို့က ကျန်းမာရေးမကောင်းသော ဝေဒနာရှင်များ စိတ်ချမ်းသာစွာ ဆေးကုနိုင်ရေးအတွက် လိုအပ်သည်နေရာများတွင်ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


နီထွန်းအောင်

https://t.me/MyanmarNationalPost




No comments:

Post a Comment