Pages

Pages

မြဝတီမြို့တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးများအတွက် ထောက်ပံ့ကြေး ဆက်လက်ပေးအပ်



MNP ၊  စက်တင်ဘာ  ၆

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် အမှတ်(၄)ရပ်ကွက်အတွင်းရှိ  ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားသော  အသက်(၂)နှစ်အောက်ကလေးများအား ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ် (ဧပြီ၊မေ၊ ဇွန်)လ များအတွက် MCCT အစီအစဉ်အရ ထောက်ပံ့ကြေးပေးအပ်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အမှတ် (၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်သည်။


ပေးအပ်ပွဲတွင် အမှတ်(၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးစီလှိုင်နှင့် ရပ်ကွက်တာဝန်ရှိသူများ၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဝင်များက ကိုယ်ဝန်ဆောင်မိခင်နှင့်  ၎င်းတို့မှ မွေးဖွားသည့် အသက်၂ နှစ်အောက်ကလေးများအား တစ်ဦးလျှင် ငွေကျပ်တစ်သောင်း ငါးထောင်နှုန်းဖြင့်ကိုယ်ဝန်ဆောင် မိခင် ၉၀ ဦးနှင့် အသက် ၂ နှစ်အောက်ကလေး၂၁၁ ဦးတို့အတွက် စုစုပေါင်းငွေကျပ် နှစ်ဆယ်နှစ်သိန်း ခုနှစ်သောင်းကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


ဇာဖြူဝင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment