မြောက်ဦးမြို့၌ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး အသိပညာပေး နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်း ကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးမြို့၌ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး အသိပညာပေး နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်း ကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ




MNP ၊  စက်တင်ဘာ ၁

ရခိုင်ပြည်နယ် ၊ မြောက်ဦးခရိုင် ၊ မြောက်ဦးမြို့၌ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအသိပညာ ပေးနှင့် ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ယနေ့ နေ့လယ် ၁ နာရီအချိန်က ထမ္မရာဇ်ရပ်ကွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ရုံးဟောင်း) အစည်းအဝေးခန်းမ၌ ကျင်းပပြု လုပ်ခဲ့ သည်။


အခမ်းအနားတွင် မြို့နယ်လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအဖွဲ့ အတွင်းရေးမှူး မြို့နယ်ရဲမှူး အောင်ဝင်း က လူကုန်ကူးမှုဖြစ်ပေါ်ရသည့်အကြောင်းအရင်းများ၊ အမျိုးသမီးများအပေါ် လူကုန်ကူးမှု အခြေအနေများ၊ မြန်မာနိုင်ငံတွင် ကြုံတွေ့ရင်ဆိုင်နေရသော လူကုန်ကူးမှုပြသနာ များ၊ လူကုန်ကူး မှုတားဆီးကာကွယ်ရေး ဆောင်ရွက်ချက်များ၊ လူကုန်ကူးမှုနှင့် လူမှောင်ခိုတို့၏ ကွဲပြားမှုနှင့် အင်္ဂါရပ်များ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေနှင့်ပြစ်ဒဏ်များ၊ လူကုန် ကူးသူများ အသုံးပြုသောနည်းလမ်းများအကြောင်း တို့ကို အကျယ်တဝင့် ရှင်းလင်း ပြေကြားပြီး နောက် ဆက်လက်၍ မြို့နယ်ရဲမှူး မှ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း အသိပညာ ပေးဟော ပြောရာတွင် မော်တော်ဆိုင်ကယ်၊မော်တော်ယာဉ်များ မောင်းနှင်ရာတွင် လိုက်နာဆောင်ရွက်ရန် အချက်များ၊ စည်းကမ်းဖောက်ဖျက်မောင်းနှင်မှုများကြောင့် သေဆုံးဒဏ်ရာ ရရှိမှုအခြေအနေ များ၊ ယာဉ်မောင်းလိုင်စင်အမျိုးအစား(၁၂)မျိုးနှင့်ပတ်သက်၍ သိရှိရမည့်အချက်များ၊ ယာဉ်တိုက် မှုဖြစ်ပွားရာ တွင်အရေးယူဆောင်ရွက်သည့် ပြစ်မှု ဆိုင်ရာဥပဒေပုဒ်မများကို ရှင်းလင်း ပြောကြား ခဲ့သည်။


အဆိုပါ အသိပညာဟောပြောပွဲသို့ မြို့နယ်ရဲမှူးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ၊ မိခင် နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ရပ်ကျေး/စာရေးများ၊ မော်တော်ယာဉ် မောင်းနှင်သူများ၊ ဒေသခံပြည်သူများစုစုပေါင်း (၆၀) ဦးခန့်  တက်ရောက် ခဲ့ကြပြီး အသိပညာပေး လက်ကမ်းစာစောင် များကိုလည်း ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။


မြင့်စိုး

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)