Pages

Pages

ဘူးသီးတောင်မြို့၌ ရခိုင်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားသုံးဆီ တစ်ပိဿာလျှင် ၄၉၀၀ ကျပ် နှုန်းဖြင့် ရောင်းချပေး




MNP ၊  စက်တင်ဘာ  ၂၅

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း အစီအစဉ်ဖြင့် ရခိုင်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်း ရှင်များအသင်းမှ စားသုံးသူပြည်သူများသို့ ယမန်နေ့ညနေပိုင်းက အမှတ် (၅) ရပ်ကွက်၌ ရပ်ကွက်နေပြည်သူများသို့  စားသုံးဆီများ လက်လီရောင်းချပေးခဲ့ကြသည်။


ဘူးသီးတောင်မြို့၌ Agri One  Trading Co., Ltd ကုမ္ပဏီမှ ဆီစားသုံးသူများအား မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ကြီးကြပ်လျက် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ၊ မြို့နယ်စားသုံးဆီရောင်းကိုယ်စားလှယ် ဦးတင်အောင်မိုး ဦးဆောင်သောအဖွဲ့မှ အမှတ်(၅) ရပ်ကွက် အလင်းရောင် ဘုန်းတော်ကြီးကျောင်းနား လမ်းမပေါ်၌ မြို့ပေါ်ရပ်ကွက်များ အတွင်းရှိ ပြည်သူများသို့ စားသုံးဆီ တစ်ပိဿာလျှင် ၄၉၀၀ ကျပ်နှုန်းဖြင့်ဆီ ၅၅၀ ပိဿာအား လူတစ်ဦးလျှင် တစ်ပိဿာနှုန်းဖြင့် လက်လီ ဖြန့်ဖြူးရောင်းချပေးခဲ့ပြီး စားသုံးဆီရောင်း ချမှုအား စက်တင်ဘာလ (၁၀) ရက်နေ့မှ စတင်ရောင်ချလျက်ရှိရာ (၂၄) ရက်နေ့ထိ စုစုပေါင်း စားသုံးဆီ (၂၇၅၀)ပိဿာတို့ကို ရောင်းချပေးခဲ့ကြောင်း မြို့နယ်စားသုံးဆီ အရောင်းကိုယ်စားလှယ် ဦးတင်အောင်မိုးထံမှ သိရသည်။


လှကျော်

https://t.me/MyanmarNationalPost




No comments:

Post a Comment