စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့ နွယ်တမယ် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့ နွယ်တမယ် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်




MNP ၊  စက်တင်ဘာ  ၂၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့ နွယ်တမယ် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ကျောင်းသား၊ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ စလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက်၉နာရီ၃၀အချိန်က လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ စလင်းမြို့နယ်ပညာရေးဦးစီးဌာန နွယ်တမယ် အခြေခံပညာအလယ်တန်းကျောင်းခွဲမှ ကျောင်းအုပ်ဆရာမကြီးဒေါ်စောစောနုက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအေးလင်းက လူငယ်နှင့်စာပေဆိုင်ရာအသိပညာပေးပြောကြားခြင်း၊ ပြင်ပစာအုပ်စာပေများနှင့်ကျောင်းတွင်းစာပေကျက်နည်းဖတ်နည်းများ စာပေဖတ်ရှုခြင်းမှ ရရှိလာမည့် အကျိုးကျေးဇူးများကို အကျယ်တဝံ့ ဟောပြောခဲ့သည်၊ထို့နောက် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံဦးဆန်းလင်းမောင်က စားသုံးသူကာကွယ်ရေးဆိုင်ရာသိကောင်းစရာများဖြစ်သည့် စားသုံးသူရေးရာဦးစီးဌာန၊ စားသုံးသူအခွင့်အရေးနှင့်စားသုံးသူများ၏ အကျိုးစီးပွားကာကွယ်ရေးနှင့်ကုန်ပစ္စည်းများ လုံခြုံစိတ်ချမှုရှိစေရေး၊ ကုန်ပစ္စည်းများ၏ အရည်အသွေးလုပ်ငန်းများ ဆောင်ရွက်ချက်များဖြစ်သည့် ကုန်စည်တံဆိပ်အမှတ်အသား၊ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစားအရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှု၊ အညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ထုတ်လုပ်မှုအမှတ်စဉ်၊ ထုတ်လုပ်သူအမည်နှင့်လိပ်စာ၊ လုပ်ငန်းအမည်နှင့်လိပ်စာများ သက်ဆိုင်ရာဌာနများ၏ ဖော်ပြရန် သတ်မှတ်ထားသော အချက်အလက်များနှင့် စားသုံးသူ အခွင့်အရေးများအား ပြည့်စုံစွာ အသိပညာပေးဟောပြောဆွေးနွေးခဲ့သည်။အဆိုပါ အသိပညာပေးဟောပြောပွဲသို့ နွယ်တမယ် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ဆရာမများ၊ကျောင်းသား/ကျောင်းသူစုစုပေါင်း(၁၀၀)ခန့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို​ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။


မောင်လွင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)