Pages

Pages

ဒေးဒရဲမြို့၌ ခရိုင်အဆင့် ကျောင်းသား အားကစားပြိုင်ပွဲများအတွက် လူရွေးချယ်ပွဲကျင်းပ



MNP ၊  စက်တင်ဘာ  ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အ​ခြေခံပညာကျောင်းများက ထူးချွန်ထက်မြက်သည့် အားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ခရိုင်အဆင့် ကျောင်းသား အားကစားပွဲတော်သို့ သွားရောက်ယှဥ်ပြိုင်မည့် အားကစားနည်းများအတွက် လူရွေးချယ်ခြင်းကို ယနေ့ နံနက် (၈) နာရီက မြို့နယ်အားကစား ခန်းမ၌ ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။


အဆိုပါပြိုင်ပွဲများကို မြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်း၊ အလယ်တန်းကျောင်း စုစုပေါင်း (၅၂) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်၊ ကြက်တောင်နှင့် ပြေးခုန်ပစ်အားကစားနည်းများတွင် ဝင်ရောက် ရွေးချယ်ခံလျက်ရှိရာ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနက တာဝန်ရှိသူများ ပူးပေါင်း၍ ကြီးကြပ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။


အေဇာလင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment