Pages

Pages

ရမည်းသင်းမြို့နယ်၌ ပြည်သူများအား အခြေခံစားသောက်ကုန်များကိုဈေးနှုန်း သက်သာစွာဖြင့် ရောင်းချပေး



MNP ၊  စက်တင်ဘာ ၄

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ရမည်းသင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်ကာ ရမည်းသင်းမြို့နယ် စည်ပင် သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ပြည်သူများ စားသောက်ရေးအဆင်ပြေစေရန် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာ ဖြင့်ရောင်းချပေးခြင်းကို ယမန်နေ့နံနက် ၇ နာရီခွဲအချိန်က ရမည်းသင်းမြို့ ရန်အောင်မြင် သာသနာ့ဗိမ္မာန်ကြီးရှေ့၌ တန်းဖိုးသင့်တိုက်ရိုက်အရောင်းဆိုင်ဖွင့်လှစ်၍ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။


ဒေသခံအခြေခံပြည်သူများ စားသောက်ရေးအဆင်ပြေစေရန် ဆန်၊ ဆီ၊ ကြက်သား၊ ဝက်သား၊ အမဲသား၊ ဆိတ်သား၊ ငါး၊ ကြက်ဉနှင့် နို့ဆီဘူးစသည့် အခြေခံစားသောက်ကုန်များကို သက်သာသော ဈေးနှုန်းဖြင့် တာဝန်ရှိသူများမှ စနစ်တကျရောင်းချပေးနေမှုကို ရမည်းသင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးမောင်ရွှေသိန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးဝင်းဗိုလ်နှင့်တာဝန်ရှိသူများမှ ကြည့်ရှုအားပေးခဲ့ကြသည်။


အဆိုပါ ပြည်သူများအားအခြေခံစားသောက်ကုန်များကို ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဆန်တစ်ပြည် (၃၅၀၀)ကျပ်၊ကြက်ဉ(၁၀)လုံး ၂၅၀၀ကျပ်ဖြင့် လည်းကောင်း၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ကြက်သားတစ်ပိဿာ (၉၀၀၀)ကျပ်၊ ဝက်သားတစ်ပိဿာ (၁၂၀၀၀) ကျပ်၊ အမဲသားတစ်ပိဿာ(၁၀၀၀၀)ကျပ်၊ ဆိတ်သား(၁၅၀၀၀)ကျပ်၊ ငါးကြင်းတစ်ပိဿာ (၈၀၀၀) ကျပ်၊ ငါးမြင်းတစ်ပိဿာ(၇၀၀၀)ကျပ်နှင့် နို့ဆီတစ်ဘူး (၁၅၀၀)ကျပ်ဖြင့်လည်းကောင်း၊ မြို့နယ်ဆီကုန်သည်အသင်းမှ ဆီတစ်ပိဿာ(၄၆၀၀)ကျပ်ဖြင့် ဆီပိဿာ(၃၀၀)ကိုလွတ်လပ်စွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။


ဇော်ဝင်းအောင်

https://t.me/MyanmarNationalPost




No comments:

Post a Comment