Pages

Pages

ယူကရိန်းကို လက်နက်တပ်ဆင်ပေးခြင်းသည် သတ်ဖြတ်ခြင်းမှလွဲ၍ ဘာမှမဖြစ်လာကြောင်း စလိုဗက်ဝန်ကြီးချုပ်ဟောင်း ပြောကြား



မော်စကို ၊ စက်တင်ဘာ ၃၀

ယူကရိန်းကို အနောက်အုပ်စုမှ လက်နက်များ ထောက်ပံ့မှုသည် သွေးထွက်သံယို ပိုဖြစ်စေသည်ဟု စလိုဗက် ဝန်ကြီးချုပ်ဟောင်း ရောဘတ်ဖီကိုက ပြောကြားခဲ့သည်။

“ယူကရိန်းကို လက်နက်တပ်ဆင်ခြင်းသည် သတ်ဖြတ်ခြင်းမှလွဲ၍ ဘာမှအဓိပ္ပာယ်မရှိ” ဟု The Daily Telegraph နှင့် အင်တာဗျူးတစ်ခုတွင် ၎င်းက ထောက်ပြခဲ့သည်။

“ငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းပြီး စစ်ရေးအရ စစ်ဆင်ရေးတွေ ရပ်လိုက်တာက ပိုကောင်းပါတယ်” ဟု စလိုဗက် နိုင်ငံရေးသမားက အလေးပေး ပြောကြားခဲ့သည်။

စလိုဗက်ကီးယား သည် ယူကရိန်းအား လှူဒါန်းရန် လက်နက်များ မရှိတော့ကြောင်း ရောဘတ်ဖီကို က ဆိုသည်။ ငွေကြေးဖောင်းပွမှုနှင့် လူနေမှုစရိတ်များ မြင့်တက်လာခြင်းနှင့် ပတ်သက်၍ မော်စကိုအပေါ်  စီးပွားရေးပိတ်ဆို့မှုများကို အဆုံးသတ်ရန် လိုအပ်ကြောင်းကိုလည်း ၎င်းက မီးမောင်းထိုးပြခဲ့သည်။


Ref - TASS

https://t.me/MyanmarNationalPost

No comments:

Post a Comment