MNP ၊ စက်တင်ဘာ ၁
သြဂုတ်လကုန်တွင် ပြည်ပဆန်တင်ပို့မှု ရပ်ဆိုင်းမည်ဆိုသည့် သတင်းများ ထွက်ပေါ်လာခဲ့ခြင်းကြောင့် မြန်မာနေရှင်နယ်ပို့စ် က ဆက်သွယ်မေးမြန်းရာ ပြည်ပဆန်တင်ပို့မှုကို ဆိုင်းငံ့ခြင်းမပြုဘဲ ပြည်ပတင်ပို့မည့် ဆန်နှင့် ဆန်ထွက်ပစ္စည်းများကို ကြိုတင်စိစစ်ပြီး ၁၀၀ရာခိုင်နှုန်း အသင့်ရှိမှသာ ပို့ကုန်လိုင်စင်ခွင့်ပြုသည့်စနစ်ကို စက်တင်ဘာလ (၁)ရက်နေ့မှစ၍ ကျင့်သုံးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားထားသည်။
ပြည်တွင်းဈေးနှုန်းတည်ငြိမ်စေပြီး ဈေးနှုန်းထပ်မံမြင့်တက်မှုမရှိစေရေးနဲ့ လှောင်လက်များ၏ ဈေးကစားလိုသည့်ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်နေခြင်းများအပေါ် ထိန်းကျောင်းနိုင်ရေးတို့အတွက် သိုလှောင်ရုံမှတ်ပုံတင်စနစ်ကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
#MyanmarNationalPost

No comments:
Post a Comment