Pages

Pages

ဆန်တစ်ပြည် ၂၅၀၀ ကျပ်နှုန်းဖြင့် မြန်အောင်မြို့ အမှတ်(၆) ရပ်ကွက် စက်ကွင်းတွင် ဆန် ၂၅၀ ပြည် ရောင်းချပေး


MNP ၊  စက်တင်ဘာ ၄

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ စီစဥ်မှုဖြင့် ယမန်နေ့နံနက်က ဆန်တစ်ပြည် ၂၅၀၀ ကျပ်နှုန်းဖြင့် မြန်အောင်မြို့ အမှတ်(၆)ရပ်ကွက် စက်ကွင်းတွင် ဆန် ၂၅၀ ပြည် ရောင်းချပေးခဲ့ကြောင်းသိရသည်။


ဆန်တစ်ပြည် ၂၅၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးရာတွင် မြန်အောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနဦးစီးမှူးနှင့် မြို့နယ်စည်ပင်သာရေးအဖွဲ့ဝန်ထမ်းများက ရပ်ကွက်နေပြည်သူများအား လူတစ်ဦးလျှင် ဆန်တစ်ပြည်နှုန်း ဝယ်ယူနိုင်ရန် ကူညီရောင်းချပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment