Pages

Pages

ကျောက်ဖြူမြို့၌ (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမှတ်(၃၂)လုံခြုံရေးတပ်ဖွဲ့ခွဲမှ ရဲတပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်း








MNP ၊  စက်တင်ဘာ  ၂၀

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ(၁) ရက်နေ့တွင် ကျရောက်မည့် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့်  အမှတ်(၃၂)လုံခြုံရေး ရဲတပ်ဖွဲ့ခွဲမှ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များက ယမန်နေ့ နံနက်ပိုင်းက ကျောက်ဖြူခရိုင် ပြည်သူ့ဆေးရုံကြီးရှိ သွေးလှူဘဏ်တွင် စုပေါင်းသွေးလှူဒါန်းခြင်းများ ပြုလုပ်သည်။


ထိုသို့  ဆောင်ရွက်ရာတွင် ကျန်းမာရေးဌာနမှ ဝန်ထမ်းများက  သွေးလှူဒါန်းမည့် ရဲတပ်ဖွဲ့ဝင်များ နှင့် မိသားစုဝင်များအား  သွေးပေါင်ချိန်တိုင်းတာခြင်း၊ သွေးဖောက်စစ်ဆေးခြင်း၊ သွေးအမျိုးအစားခွဲခြင်း တို့ကိုဆောင်ရွက်ပြီး  ရဲတပ်ဖွဲ့ဝင်(၃၀)ဦးနှင့် ၎င်းတို့၏မိသားစုဝင်(၂၀)ဦး၊ စုစုပေါင်း (၅၀) ဦးတို့က စုပေါင်း သွေးလှူဒါန်းခြင်းများကိုဆောင်ရွက်ခဲ့ကြရာ အမှတ်(၃၂)လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ ဒုတိယရဲမှူးကြီး မျိုးမြင့်က သွေးလှူဒါန်းသည့်  ရဲတပ်ဖွဲ့ဝင်များအား ကြည့်ရှုအားပေးပြီး  အာဟာရဖြည့်စွက်စာများ၊ အားဖြည့်အချိုရည် များ၊ ကြက်ဥများနှင့် ကွေကာအုပ်များကို ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။  


တင်ထွန်းဦး၊ ဖြိုးဝေလင်း 

https://t.me/MyanmarNationalPost




No comments:

Post a Comment