ကျောက်ဖြူမြို့၌ သဘာဝမြေဩဇာ စူပါဘိုကာရှီမြေဆွေး ပြုလုပ်သုံးစွဲနည်း အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြသ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူမြို့၌ သဘာဝမြေဩဇာ စူပါဘိုကာရှီမြေဆွေး ပြုလုပ်သုံးစွဲနည်း အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြသ







MNP ၊  စက်တင်ဘာ ၁

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ သဘာဝမြေဩဇာ စူပါဘိုကာရှီမြေဆွေး ပြုလုပ်သုံးစွဲနည်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်း အဝေးခန်းမ၌ ပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်/ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးများ တက်ရောက် ကြသည်။


အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးမင်းထွဏ်းက အဖွင့်အမှာစကားပြောကြား ပြီး ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီမှူးက “ ခတ်မီနည်းစနစ်များဖြင့်ပြုလုပ်ထားသော မြေဩဇာများကို အသုံးပြုခြင်းထက် သဘာဝမြေဆွေးကိုသာ အဓိကအသုံးပြုကြမည်ဆိုပါက စိုက်ပျိုးစရိတ်များ သိသိသာသာ လျော့ကျနိုင်ကြောင်း၊ လယ်ယာသွင်းအားစု တစ်ခုဖြစ်သည့် မြေဩဇာကို အချိုးညီ အချိန်ကိုက်အသုံးပြုမှသာ အထွက်နှုန်းတိုးလာမည်ဖြစ်ကြောင်းပြောကြားသည်။ ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီမှူးက သဘာဝမြေဩဇာစူပါဘိုကာရှီမြေဆွေး ပြုလုပ်သုံးစွဲခြင်းကြောင့် ရရှိလာမည့်အကျိုးကျေးဇူးများကို ရှင်းလင်း ပြောကြားပြီး အခမ်းအနားသို့တက်ရောက်လာကြသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိဌာန၏ ဆောင်ရွက်ချက် များနှင့်ပတ်သက်၍ ပြောကြားကြသည်။


ထို့နောက် ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ မြေအသုံးချရေးတာဝန်ခံနှင့် မြို့နယ်ဦးစီမှူး ဒေါ်မဆန်းဝင်းတို့က သဘာဝမြေဩဇာ စူပါဘိုကာရှီ မြေဆွေးပြုလုပ်သုံးစွဲနည်းနှင့် အကျိုးသက်ရောက်မှုများကို ရှင်းလင်း ပြောကြားပြီး စိုက်ပျိုးရေးဌာနမှ ဝန်ထမ်းများက သဘာဝမြေဩဇာစူပါဘိုကာရှီမြေဆွေး ပြုလုပ်နည်း အဆင့်ဆင့်နှင့် သုံးစွဲမှုများကို လက်တွေ့သရုပ်ပြသကာ အခမ်းအနားသို့ တက်ရောက်လာကြသူများကို သဘာဝမြေဩဇာ စူပါဘိုကာရှီ မြေဆွေးပြုလုပ်သုံးစွဲနည်း လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။


တင်ထွန်းဦး၊ ဖြိုးဝေလင်း

https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)