Pages

Pages

အာရှဒေသသံတမန်များအဖွဲ့ ပုံမှန်တွေ့ဆုံပွဲသို့ မြန်မာသံအမတ်ကြီး ဦးမြင့်ဆွေ တက်ရောက်





MNP ၊ စက်တင်ဘာ ၂၀

တောင်အာဖရိကနိုင်ငံ အာရှဒေသသံတမန်များအဖွဲ့၏ ပုံမှန်တွေ့ဆုံပွဲအား ၁၉-၉-၂၀၂၃ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီတွင် တောင်ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး နေအိမ်၌ ကျင်းပပြုလုပ်ခဲ့ရာ အာရှဒေသ သံတမန်များအဖွဲ့ နာယကသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည့် မြန်မာသံအမတ်ကြီး ဦးမြင့်ဆွေသည် အဆိုပါ တွေ့ဆုံပွဲသို့ ဦးဆောင်ပါဝင် တက်ရောက်ခဲ့ကြောင်း သိရသည်။ 

တွေ့ဆုံဆွေးနွေးပွဲအတွင်း တောင်အာဖရိကသမ္မတနိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာနိုင်ငံများ၏ သံရုံးအသီးသီးတို့အကြား ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များ၊ ပရီတိုးရီးယားမြို့အခြေစိုက် သံတမန်များအဖွဲ့အတွင်း ပူးပေါင်းပါဝင်ဆောင်ရွက်နေမှု အခြေအနေများ၊ လုံခြုံရေးဆိုင်ရာ ဂရုပြု ဆောင်ရွက်သွားသင့်သည့် ကိစ္စရပ်များ၊ ၂၀၂၃ ခုနှစ် နောက်ဆုံး ၃ လအတွင်း ဆက်လက်ဆောင်ရွက်သွားမည့် သံတမန်ဆိုင်ရာ လုပ်ငန်းစဉ်များအား ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။ 

တက်ရောက်လာကြသည့် သံရုံးအကြီးအကဲများအား တောင်ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီးက နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။ တောင်အာဖရိကနိုင်ငံအခြေစိုက် အာရှဒေသသံတမန်များအဖွဲ့တွင် အဖွဲ့ဝင် နိုင်ငံ ၂၁ နိုင်ငံပါဝင်ပြီး အဆိုပါတွေ့ဆုံပွဲသို့ အာရှဒေသအဖွဲ့ဝင်နိုင်ငံများမှ သံရုံးအကြီးအကဲ ၁၈ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment