Pages

Pages

မိတ္ထီလာမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ


MNP ၊  စက်တင်ဘာ ၄

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က ခရိုင်မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်မီးသတ်ဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးကျော်ဆန်းနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊  အရန်မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးမှူးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်မီးသတ်ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ကျော်ဆန်းက  သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ရာတွင်  မီးသတ်တပ်ဖွဲ့ဝင်များဟာ မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြုဆောင်ရွက်စေတဲ့ ရည်မှန်းချက် တာဝန်(၄)ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရှိရာ မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးငြှိမ်းသတ်ရေး လုပ်ငန်းတွေမှာ သန္ဓေမီးသတ်တပ်ဖွဲ့တွေရဲ့ အင်အားနဲ့မလုံလောက်နိုင်ဘဲ ရပ်ကွက် နဲ့ကျေးရွာတွေမှာ အခြေချနေထိုင်ကြတဲ့  အရန်မီးသတ်တပ်ဖွဲ့များ၊ စက်ရုံအလုပ်ရုံများမှာ ဖွဲ့စည်း ထားတဲ့ သီးသန့်မီးသတ် တပ်ဖွဲ့ဝင်များက သန္ဓေမီးသတ်တပ်ဖွဲ့များနဲ့  ပူးပေါင်းပြီး အရှန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒါကြောင့် မီးသတ်ပညာရပ်များနဲ့ ပစ္စည်းကိရိယာများ အသုံးပြုရာမှာ ကျွမ်းကျင်မှုရှိရေး ယခုလို သင်တန်းများ ဖွင့်လှစ်သင်ကြားပို့ချလျက်ရှိပါကြောင်း ပြောကြားခဲ့သည်။


အဆိုပါသင်တန်းကို မိတ္ထီလာမြို့နယ်အတွင်းရှိ အရန်မီးသတ်နှင့် သီးသန့်မီးတပ်ဖွဲ့ဝင် ၅၀ ဦးအား မီးသတ်ပညာရပ်ဘာသာရပ်နှင့် ရှာဖွေကယ်ဆယ်ရေးပညာရပ်များကို သင်တန်းကာလ ရက်သတ္တပတ် လေးပတ်ကြာ စာတွေ့လက်တွေ့ သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။


သိန်းမြင့်ကျော်

https://t.me/MyanmarNationalPost




No comments:

Post a Comment