Pages

Pages

ဆိုင်ကလုန်း မုန်တိုင်း မိုခါ တိုက်ခတ်မှု​ကြောင့် ထိခိုက်ပျက်စီးခဲ့သော ပေါက်တောမြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်​စေတီတော်မြတ်အားပြန်လည်ပြုပြင်ရန် ကွင်းဆင်း




MNP ၊  စက်တင်ဘာ  ၃

ဆိုင်ကလုန်း မုန်တိုင်း မိုခါ တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သော ရခိုင်​ပြည်နယ် ပေါက်တောမြို့နယ် မြေငူကျွန်း(ခေါ်) အနောက်ဖရုံကာကျွန်းပေါ်ရှိ  ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် စေတီတော်မြတ်အားပြန်လည်ပြုပြင်ရန် ယနေ့ နံနက်ပိုင်းက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ နှင့် မြို့နယ်ဌာနဆိုင်ရာ အင်ဂျင်နီယာများ တို့က ကွင်းဆင်းဆောင်ရွက်ကြကြောင်း သိရသည်။


 အဆိုပါ ဆံတော်ရှင်ဘုရားပွဲတော်ကို နှစ်စဉ်နှစ်တိုင်း နတ်တော်လဆန်း ၉ ရက်မှ နတ်တော်လဆုဆ် ၁ ရက် အထိ ကျင်းပခြင်းဖြစ်ပြီး ယင်းပွဲတော်ရက်များအတွင်း ဘုရာပွဲသို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများ သင်္ဘော၊အမြန်ယာဉ်၊ စက်လှေများဖြင့် လာရောက်ကြ၍ အထူးစည်ကားသော ဘုရားပွဲဖြစ်ကြောင်း၊ ဆံတော်ရှင် ဘုရားသည် ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် မြေငူကျွန်းတွင် တည်ရှိပြီး မဟာသက္ကရာဇ် ၁၂၃ ကဆုန်လတွင်  ဘုရင်စန္ဒသူရိယမင်း ပင့်ဖိတ်မှုကြောင့် ဓညဝတီရခိုင်ပြည်နယ်သို့ ဂေါတမမြတ်စွာဘုရာ ကြွရောက်ချီ၍ မဟာမုနိကိုယ်စားတော်မြတ်ကို သွန်းလုပ်ပြီးနောက် ဒွါရဝတီသို့ကြွချီရာ မြေငူကျွန်းအရောက် နီလပဗ္ဗတတောင်တွင် ခရီးတစ်ထောင့်နားချိန် နဂါးမင်းများလျှောက်တင်ချက်အရ ဆံတော်မြတ်ကို ပေးသနား၍ နဂါးမင်းတည်ထားခဲ့ခြင်းဖြစ်ကြောင်း ဘုရားသမိုင်း အရ သိရသည်။


ဝင်းမင်းစိုး

https://t.me/MyanmarNationalPost




No comments:

Post a Comment