Pages

Pages

ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် စက်သုံးဆီဆိုင်များအား မြေပြင် ကွင်းဆင်းစစ်ဆေး





MNP ၊  စက်တင်ဘာ  ၂၅

ရခိုင်ပြည်နယ် ၊ မောင်တောခရိုင် ၊ မောင်တောမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့ပေါ်ရှိ စက်သုံးဆီဆိုင် များအား ယနေ့ နံနက်  ၉ နာရီ အချိန်   မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။


ထိုသို့ ဆောင်ရွက်ရာတွင် ခရိုင်မီးသတ်စခန်းမှ  လက်ထောက်မီးသတ်ဦးစီးမှူး သိန်းထွန်းအောင်  ဦးဆောင်၍ တပ်ဖွဲ့ဝင်များက မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့ပေါ်ရှိ စက်သုံးဆီဆိုင်များတွင် ဆီဖြည့်နေစဉ် မီးလောင်မှု၊ မီးလန့်မှုများ၊ မဖြစ်ပွားစေရန် နှင့် စက်သုံးဆီ သိုလှောင်ထားရှိမှုများသည် မီးသတ်ဦးစီးဌာနမှ သတ်မှတ် ထားသော စည်းကမ်း ချက်များ နှင့် ကိုက်ညီမှု ရှိမရှိ  ၊ မတော်တဆ မီးလောင်မှု ဖြစ်ပွားပါက မီးငြိမ်းသတ်ဆေးဘူးများ ထားရှိ အသုံးပြုတတ်စေရေး ၊ စက်သုံးဆီဆိုင်များတွင် ပြည်သူများ သိရှိစေရေး အတွက် မီးဘေးလုံခြုံရေး ပညာပေး ဆိုင်းဘုတ်များ ထားရှိ စေရေး တို့ကို ကွင်းဆင်း စစ်ဆေး အကြုံပြု ခဲ့ ကြကြောင်း သိရသည်။  


သက်လွင်စိုး

https://t.me/MyanmarNationalPost




No comments:

Post a Comment