Pages

Pages

မြေပုံမြို့၌ ရပ်ကွက်နေပြည်သူများသို့ စားသုံးဆီ(၁)ပိဿာလျှင်(၅၃၀၀)ကျပ်နှုန်းဖြင့် လက်လီ ရောင်းချပေး





MNP ၊ စက်တင်ဘာ ၂၁

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၌ မြန်မာနိုင်ငံ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း အစီအစဉ်ဖြင့် ရခိုင်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားသုံးဆီ လက်လီ အရောင်းဈေးကားဖြင့် ယနေ့နံနက်(၈) နာရီအချိန်က မြောက်ပိုင်းရပ်ကွက်ရှိ စားသုံးသူ (ပြည်သူများ)သို့ စားသုံးဆီများ လက်လီဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။


မြေပုံမြို့၌ Ageri One  Trading Co., Ltd ကုပ္မဏီမှ စားသုံးသူများအား မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမှ ကြီးကြပ်လျက် မြောက်ဦးခရိုင်၊ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ၊ မြေပုံမြို့နယ်စားသုံး ဆီရောင်းကိုယ်စားလှယ် ဦးသာထွန်းမှ မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ဆင်းရဲနွမ်းပါးပြည်သူများသို့ စားသုံးဆီ (၁) ပိဿာလျှင်(၅၃၀၀)ကျပ်နှုန်းဖြင့် ဆီ (၂၇၅၀) ပိဿာအား (၂၁-၉-၂၀၂၃) ရက်နေ့မှ (၂၅-၉-၂၀၂၃)ရက်နေ့အတွင်း သတ်မှတ်ဆီရောင်းစုရပ်နေရာ(၅)နေရာသတ်မှတ်၍ လက်လီဖြန့်ဖြူး ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


တင်ဝင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment