ရငွေများ လျော်ကန်သင့်မြတ်မှုနှင့် အပြည့်အဝကောက်ခံရရှိမှုစစ်ဆေးခြင်း ခေါင်းစဉ်ဖြင့် အသိပညာမျှဝေဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရငွေများ လျော်ကန်သင့်မြတ်မှုနှင့် အပြည့်အဝကောက်ခံရရှိမှုစစ်ဆေးခြင်း ခေါင်းစဉ်ဖြင့် အသိပညာမျှဝေဆွေးနွေးပွဲကျင်းပ


MNP ၊ စက်တင်ဘာ ၁

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ အသိပညာမျှဝေရေးအစီအစဉ် (Knowledge Sharing Program-KSP)အရ ကျင်းပသည့် ဆွေးနွေးပွဲအမှတ်စဉ် (၃၃) ကို “ရငွေများ လျော်ကန်သင့်မြတ်မှုနှင့် အပြည့်အဝကောက်ခံရရှိမှုစစ်ဆေးခြင်း” ခေါင်းစဉ်ဖြင့် ယမန်နေ့က နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ပါမောက္ခဒေါက်တာခင်နိုင်ဦးက ယနေ့တွင် စစ်ဆေးရေးဝန်ထမ်းများအနေဖြင့် ရငွေများစစ်ဆေးရာတွင် သတိပြုသင့်သည့် အချက်များကို သိရှိနိုင်ရန် “ရငွေများလျော်ကန်သင့်မြတ်မှုနှင့် အပြည့်အဝကောက်ခံရရှိမှုစစ်ဆေးခြင်း” ခေါင်းစဉ်ဖြင့် ဆွေးနွေးမည်ဟုသိရှိရသဖြင့် ရငွေဆိုင်ရာ ဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်၊ ညွှန်ကြားချက်များနှင့် ညီညွတ်မှုမရှိသည်များ၊ ဌာန၊ အဖွဲ့အစည်းများက လိုက်နာကျင့်သုံးရန် လိုအပ်နေသေးသည့် ကိစ္စရပ်များကို သိရှိနိုင်မည်ဖြစ်ကြောင်း၊ စစ်ဆေးရေးလုပ်ငန်းအတွက် များစွာအထောက်အကူ ပြုနိုင်လိမ့်မည်ဟု မျှော်လင့်ပါကြောင်း၊ တက်ရောက်လာသူများအနေဖြင့် ဖြည့်စွက်ဆွေးနွေးလိုသည်များ၊ သိရှိလိုသည့် အချက်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေး မေးမြန်းခြင်း၊ အပြန်အလှန်မျှဝေခြင်းတို့ဖြင့် စစ်ဆေးရေးလုပ်ငန်းများတွင် ပိုမိုထိရောက် အကျိုးရှိစေမည်ဖြစ်ကြောင်းပြောကြားသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နိုင်နိုင်ဝင်းက ရငွေအမျိုးအစားများ၊ ရငွေဆိုင်ရာလိုက်နာရမည့် အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်း များနှင့် ဌာန၊ အဖွဲ့အစည်းများ၏ ညွှန်ကြားချက်များအပေါ် လိုက်နာဆောင်ရွက်မှုများကို လက်တွေ့စစ်ဆေး တွေ့ရှိချက်များဖြင့် ရှင်းလင်းဆွေး‌နွေးပြီး တက်ရောက်လာသူများကသိရှိ လိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။


ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည် ပိုမိုတိုးတက်မြင့်မားစေရန်နှင့် အသိပညာ၊ ဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ အသိပညာမျှဝေဆွေးနွေးပွဲများကို ကျင်းပခဲ့သည်မှာ(၃၃)ကြိမ်မြောက် ရှိပြီဖြစ်ကြောင်း၊ ယနေ့ဆွေးနွေးပွဲသို့ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများက ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမနှင့်အဆင့်မြင့် စာရင်းကိုင်နှင့် စာရင်းစစ် သင်တန်းကျောင်း ခန်းမတို့မှတက်ရောက်ကြပြီး တိုင်းဒေသကြီး/ပြည်နယ် စာရင်းစစ်ချုပ်ရုံးနှင့် မြန်မာနိုင်ငံစာရင်းကောင်စီရုံး ညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်းများကအွန်လိုင်းမှတက် ရောက်ကြသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)