Pages

Pages

ဒေးဒရဲမြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ပြည်သူများနှင့် တွေ့ဆုံဆွေးနွေး


MNP ၊  စက်တင်ဘာ  ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ရည်ရွယ်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော အုပ်ချုပ်​ရေး၊ နိုင်ငံရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုရေး၊ စည်းရုံးရေးစသည့် စစ်ကြောင်းကြီး ငါးကြောင်းဖြင့် ကျေးရွာအတွင်းရှိ ရပ်မိရပ်ဖများ၊ ပြည်သူများ တွေ့ဆုံပွဲကို ယမန်နေ့ နံနက် (၁၀)နာရီက မရမ်းဝကျေးရွာ​အုပ်စု၊ ဓနိပတ် ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ကျင်းပခဲ့သည်။


အဆိုပါတွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူး သက်နိုင်ဦးက  ပြည်သူများအား ရပ်ရွာအေးချမ်းသာယာရေးလုပ်ငန်းများ ဆောင်ရွက် နေမှုများ၊ တရားဥပဒေစိုးမိုးရေး ကိစ္စရပ်များ၊ ရပ်ကွက်၊ ကျေးရွာလုံခြုံရေးကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။ ဆက်လက်၍ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍ အလိုက် ဆွေးနွေးခဲ့ရာ ကျေးရွာများ သန့်ရှင်းသာယာရေး လုပ်ငန်းများ၊ ကျေးရွာ ချင်းဆက်လမ်းများ ဆောင်ရွက်ပေးနိုင်ရေး၊ ကျေးလက်ဒေသရှိပြည်သူများ သန့်ရှင်းသော သောက်သုံးရေနှင့် လျှပ်စစ်မီးများ ရရှိရေး၊ မိုးစပါးစိုက်ပျိုးဧကများ အထွက်နှုန်းတိုးတက်ရေး ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ပညာရေး၊ ကျန်းမာရေးနှင့် လယ်ယာမြေဥပ​ဒေများကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။


ယင်းနောက် ရပ်မိရပ်ဖများ၊ ကျေးရွာနေပြည်သူများ၏ တင်ပြလာမှုများ အခက်အခဲများကို သက်ဆိုင်ရာဌာနအလိုက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


အေဇာလင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment