Pages

Pages

မောက်မယ်ဒေသထွက် သဘာဝကျွဲကောသီးများ လှိုင်လှိုင်ပေါ်ထွက်ရှိသဖြင့် စျေးကောင်းရရှိ




MNP ၊  စက်တင်ဘာ  ၂၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း ဒေသထွက်သဘာဝ ကျွဲကောသီးများ ပေါများစွာထွက်ရှိလာပြီဖြစ်၍ ယခုနှစ်တွင် ကျေးလက်နေပြည်သူများ စျေးကောင်းရရှိသောကြောင့် ဒေသခံတောင်သူများ၏ ပြောကြားချက်အရ သိရသည်။


ထိုကျွဲကောသီးနှံများ စိုက်ပျိုးသည့်ခြံများသည် မြို့အဝင်ပုန်းလောကျေးရွာအနီးရှိခြံများနှင့် မြို့၏ မြောက်ဘက် ၁ မိုင်ခွဲခန့်အကွာ စဉ့်ဆိုင်ကျေးရွာအုပ်စုအတွင်းရှိ နားသဲကျေးရွာများမှ အများအပြားစိုက်ပျိုးကြရာ သဘာဝအလျောက် မည်သည့်မြေသြဇာဟော်မုန်းအားဆေးများ မလိုအပ်ဘဲ သဘာဝအတိုင်း လှိုင်လှိုင်သီးနေသည်ကို တွေ့ရသည်။


မောက်မယ်မြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အမြင့် ၁၆၃၀ ပေရှိပြီး မောက်မယ်ဒေသမှ ထွက်ရှိသော ကျွဲကောသီးတွင် အခွန်ထူပြီးအရွယ်အစားကြီးမားခြင်း၊ အေး၍ချိုမြသောအရသာနှင့် အချဉ်ဓာတ်၊ အခါးဓာတ်အနည်းငယ်သာပါရှိသဖြင့် မောက်မယ်ဒေသထွက် သဘာဝကျွဲကောသီးများ တစ်လုံးလျှင် ငွေကျပ်၁၀၀၀မှ၁၅၀၀အထိ အရွယ်အစားအလိုက်ပေးရပြီး ယခုလအတွင်း တောင်ကြီးကုန်စည်ဒိုင်သို့ သယ်ဆောင်ရောင်းချတော့မည်ဖြစ်ကြောင်း သိရသည်။


ဒေသခံတောင်သူများအနေဖြင့် ရာသီသီးနှံစိုက်ပျိုးမည့်အစား နှစ်ရှည်ပင်သီးနှံများဖြစ်သည့် ရှောက်ချို၊ လိမ္မော်၊ သံပုရာ၊ သရက် စသည့်သီးနှံများ စျေးနှုန်းကောင်းစွာရရှိသဖြင့် ရေကောင်းစွာရရှိသော ဥယျဉ်ခြံမြေများ တွင်တွင်ကျယ်ကျယ် ပိုမိုစိုက်ပျိုးထားကြောင်းနှင့် ယခုနှစ်များအတွင်း စျေးကွက်သို့ တင်ပို့ရောင်းချရာတွင် ဝယ်သူများအကြိုက်တွေ့လာကြပြီး ရောင်းပန်းသာလျက်ရှိကြောင်းနှင့် ကျွဲကောသီးစျေးမှာလည်း ပုံမှန်ထက်စျေးပိုမိုရရှိသဖြင့် ကျေးလက်နေဒေသခံတောင်သူများ အဆင်ပြေ လျက်ရှိကြောင်း သိရသည်။


စိုင်းမျိုးသန့်

https://t.me/MyanmarNationalPost




No comments:

Post a Comment