Pages

Pages

ကြံခင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး ဆောက်လုပ်နိုင်ရန် ပန္နက်တင်အခမ်းအနား ကျင်းပ




MNP ၊  စက်တင်ဘာ  ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး အဆောက်အဦဆောက်လုပ်နိုင်ရန် ပန္နက်တင်ခြင်းအခမ်းအနားကို ယနေ့နံနက် (၈)နာရီအချိန်က   မြို့နယ်ပြည်သူ့ဆေးရုံအတွင်းရှိ  အဆိုပါအဆောက်အဦ  တည်ဆောက်မည့် မြေနေရာတွင် ကျင်းပခဲ့သည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြည်စိုး၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးသန်းထွဋ်၊ အဖွဲ့ဝင်ဦးကျော်ကျော်နှင့် မြို့နယ်ဌာနဆိုင်ရာများ၊  မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးမှူးဒေါက်တာဝင်းနိုင်နှင့် ဝန်ထမ်းများ၊  (HIN THAR  SHAE SAUNG Co.Ltd) ကုမ္ပဏီဒါရိုက်တာ ဦးတင်နိုင်လင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး၊ မင်္ဂလာအချိန်တွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပန္နက်တင်ကာ အမွှေးနံ့သာရည်များ ပက်ဖျန်းကြသည်။


ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက တည်ဆောက်မည့် မြေနေရာအား ကြည့်ရှုပြီး (HIN THAR SHAE SAUNG Co.Ltd) ကုမ္ပဏီဒါရိုက်တာ ဦးစိုးထွန်းဦးနှင့် တာဝန်ရှိသူများအား  အချိန်မှီပြီးစီးရေး၊ အရည်အသွေးပြည့်မှီစွာ ဆောင်ရွက်ရန် မှာကြားကြောင်း  သိရသည်။


ကြံခင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအဆောက်အဦကို (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘတ်ဂျက်ရန်ပုံငွေကျပ် (၃၄၆.၈၅)သန်းဖြင့် အလျား(၆၇'ပေ၉")၊ အနံ(၃၇')ပေ၊  အမြင့်(၂၄')ပေရှိ (RC ) နှစ်ထပ်အမျိုးအစားဖြင့် ဆောက်လုပ်မှာဖြစ်ကြောင်း၊ (၂၀၂၃-၂၀၂၄)ခုနှစ် ဘဏ္ဍာရေးနှစ်အပြီး (HIN THAR SHAE SAUNG Co.Ltd) ကုမ္မဏီမှ အပြီးဆောက်လုပ် ပေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူထံက သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment