Pages

Pages

ခရိုင်အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့၏ အသိပညာပေးဆွေးနွေးဟောပြောပွဲကျင်းပ


MNP ၊  စက်တင်ဘာ  ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ လစဉ်ပြုလုပ်သော ခရိုင်အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့၏ အသိပညာပေးဆွေးနွေးဟောပြောပွဲကို ယနေ့ညနေ(၂)နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ ဆွေးနွေးဟောပြောပွဲတွင် ခရိုင်အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်သိန်းက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် အဖွဲ့ဝင် ခရိုင်ဥပဒေအရာရှိဦးဆွေဦးက အဂတိလိုက်စားမှုနှင့်ပတ်သက်၍  ပြစ်မှုပြစ်ဒဏ်များ အကြောင်းကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးပြောကြားပြီး အဖွဲ့ဝင်လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ယှဉ်လှက အဂတိလိုက်စားမှုအကြောင်းအရင်းများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေး ပြောကြားသည်။ ယင်းနောက် တက်ရောက်လာသူများကလည်း ပြန်လည်ဆွေးနွေးခဲ့ကြသည်။


အဆိုပါ ဆွေးနွေးဟောပြောပွဲသို့ ခရိုင်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment