Pages

Pages

ကာလိမြို့၌ အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး



MNP ၊  စက်တင်ဘာ  ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၌ ဒေသခံပြည်သူများအတွက် အခြေခံစားသောက်ကုန်များ ပြင်ပဈေးနှုန်းထက် သက်သာစွာ ဝယ်ယူနိုင်ရေးအတွက် ယမန်နေ့ နံနက် (၆) နာရီအချိန်က ကာလိမြို့မဈေးရှေ့တွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။


ဝန်ထမ်းများ၊ ဒေသခံပြည်သူများ သက်သာသောနှုန်းထားဖြင့် ဝယ်ယူနိုင်ရေးအတွက် အခြေခံစားသောက်ကုန်များနှင့် ဆီ တစ်ပိဿာကို (၄၈၀၀) နှုန်း၊ ကြက်ဥ (၁၀) လုံး (၂၅၀၀) နှုန်းဖြင့် ပြင်ပ ပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။


ထင်ထင်

https://t.me/MyanmarNationalPost




No comments:

Post a Comment