Pages

Pages

မြန်မာ−ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံရေတပ်ဦးစီးအရာရှိများ တွေ့ဆုံဆွေးနွေး


MNP ၊ စက်တင်ဘာ ၃

ရန်ကုန်မြို့တွင်ပြုလုပ်သည့် ဆဋ္ဌမအကြိမ်မြောက် မြန်မာ−ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံရေတပ်ဦးစီးအရာရှိများ တွေ့ဆုံဆွေးနွေးပွဲ (6th Myanmar-Bangladesh Navy to Navy Staff Talks) သို့ တက်ရောက်ရန်အတွက် ဘင်္ဂလားဒေ့ရှ်ရေတပ်မှ Commodore Mustaque Ahmed, (G), NPP, pcs, BN ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် သြဂုတ် ၃၀ ရက် နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ရောက်ရှိပြီး တပ်မတော် (ရေ) မှ ဗိုလ်မှူးချုပ် ကျော်ကျော်ထူး ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့နှင့် စက်တင်ဘာ ၁ ရက် နံနက်ပိုင်းတွင် ဧရာဝတီရေတပ်စခန်းဌာနချုပ် အရာရှိရိပ်သာ၌ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ကြသည်။

ထိုသို့ နှစ်နိုင်ငံရေတပ်ကိုယ်စားလှယ်အဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေးရာတွင် ရေကြောင်းလုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံပူးပေါင်းကင်းလှည့်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံရေတပ်စစ်ရေယာဉ်များနှင့် အရာရှိ၊ စစ်သည်များ အပြန်အလှန် အလည်အပတ်ခရီးစဉ်ဆိုင်ရာကိစ္စရပ်များ၊ သတင်းအချက်အလက် ဖလှယ်ခြင်းဆိုင်ရာကိစ္စရပ်များနှင့် ပင်လယ်ပြင်ညစ်ညမ်းမှုကာကွယ်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြသည်။

အဆိုပါ ဆွေးနွေးချက်များအား သဘောတူလက်မှတ်ရေးထိုးပွဲကို စက်တင်ဘာ ၂ ရက် နေ့လယ်ပိုင်းတွင် ဆက်လက်ပြုလုပ်ပြီး အထိမ်းအမှတ်တံဆိပ်များ အပြန်အလှန်ပေးအပ်ကာ အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကြသည်။

ဘင်္ဂလားဒေ့ရှ်ရေတပ်မှ ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာရာ တပ်မတော် (ရေ) မှ အရာရှိ ကြီးများနှင့်တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ပို့ဆောင်နှုတ် ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment