Pages

Pages

လားရှိုးမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းနှင့် မယ်ဟန်ကျေးရွာ ဒေသခံပြည်သူများ တွေ့ဆုံပွဲကျင်းပ



MNP ၊  စက်တင်ဘာ  ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ လားရှိုးမြို့နယ်အတွင်း  လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးတို့အတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲအခမ်းအနားကို  ယမန်နေ့နံနက်(၁၀)နာရီအချိန်က လားရှိုးမြို့နယ်၊ မယ်ဟန်ကျေးရွာတွင် ပြုလုပ်သည်။


တွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးဇော်လင်းထွန်းက အခမ်းအနားပြုလုပ်ရသည့် ရည်ရွယ်ချက်၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ၊ ရပ်ရွာအေးချမ်းသာယာရေးအတွက်  မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။


ဆက်လက်၍ လားရှိုးမြို့နယ်ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ စိုက်ပျိုး ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့က လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများကို ဌာနအလိုက် ရှင်းလင်းပြောကြားကြသည်။


ထို့နောက် ကျေးရွာနေပြည်သူများက ကျေးရွာအတွက် လိုအပ်ချက်များအား ပြန်လည်ရှင်းလင်းတင်ပြဆွေးနွေးကြရာ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။


 စိုင်းထွန်း

https://t.me/MyanmarNationalPost




No comments:

Post a Comment