Pages

Pages

တတိယနိုင်ငံများ၏ လုံခြုံရေးကို အသုံးချ၍ စစ်ဘက်ဆိုင်ရာ အစုအဖွဲ့များ တိုးချဲ့ခြင်းကို တရုတ်က ဆန့်ကျင်


ဘေဂျင်း၊ စက်တင်ဘာ ၂၆ 

တခြားနိုင်ငံတွေရဲ့ လုံခြုံရေးအတွက် အပျက်သဘောဆောင်သော စစ်အင်အားတိုးချဲ့မှုများကို ဘေဂျင်းက ကန့်ကွက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး  ဝမ်ယီက ပြောကြားခဲ့သည်။

"ကမ္ဘာ့လုံခြုံရေးအတွက် ကောင်းမွန်တဲ့ ပတ်ဝန်းကျင်တစ်ခု ထူထောင်ဖို့ လိုအပ်တယ်။ ပူးပေါင်းပြီး ရေရှည်တည်တံ့တဲ့ လုံခြုံရေး အယူအဆကို ထောက်ခံအားပေးဖို့၊ ဆွေးနွေးညှိနှိုင်းမှုတွေကနေတစ်ဆင့် နိုင်ငံများကြား သဘောထားကွဲလွဲမှုတွေကို ဖြေရှင်းဖို့၊ အပြန်အလှန် လေးစားလိုက်နာဖို့၊ တရားဝင် လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုတွေကို လေးစားဖို့၊ စစ်အင်အားစုအဖွဲ့များ မတရားချဲ့ထွင်ခြင်းနှင့် အခြားတိုင်းပြည်များတဝိုက်တွင် လုံခြုံရေးအရ ခြိမ်းခြောက်ခြင်းကို ဆန့်ကျင်ရန်” သတင်းစာရှင်းလင်းပွဲတွင် တရုန်နိုင်ငံခြားရေးဝန်ကြီး က ပြောကြားခဲ့သည်။

ဝမ်ယီ ၏ ပြောကြားချက်အရ နိုင်ငံတကာအသိုက်အဝန်းသည် ဇီဝလုံခြုံရေး၊ အင်တာနက်လုံခြုံရေး၊ ဒေတာနှင့် AI တို့အပြင် အခြားသောနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေရမည်ဟု  ဆိုသည်။

“အန္တရာယ်ကာကွယ်ရေးကို ပူးပေါင်းလုပ်ဆောင်ဖို့ လိုအပ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

တရုတ်အစိုးရသည် "A Global Community of Shared Future: China's Proposals and Actions" ဟူသော စာတမ်းကို အင်္ဂါနေ့က ထုတ်ပြန်ခဲ့သည်။ စာတမ်းတွင် အနာဂတ်ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေကျင်း၏ ရပ်တည်ချက်ကို အလေးပေးဖော်ပြသည်။


Ref - TASS

https://t.me/MyanmarNationalPost

No comments:

Post a Comment