Pages

Pages

သရက်မြို့၌ အငြိမ်းစား နိုင်ငံဝန်ထမ်းများအား အောက်တိုဘာလမှစတင်၍ သွေးချို၊ သွေးတိုး၊ နှလုံးရောဂါ အခမဲ့စစ်ဆေးပေးမည်


MNP ၊  စက်တင်ဘာ  ၂၉

မကွေးတိုင်းဒေသကြီး သရက်မြို့၌ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့ဆေးရုံများတွင် အောက်တိုဘာလမှ စတင်၍ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား သွေးချို၊ သွေးတိုး၊ နှလုံးရောဂါများကို အခမဲ့စစ်ဆေးသွားမည်ဟု သိရသည်။


အဆိုပါ စစ်ဆေးမှုကို သရက်ခရိုင် ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ(၄)ရက်နေ့မှစတင်၍ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း နံနက်(၉)နာရီမှ (၁၁)နာရီထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သရက်ခရိုင် ဆေးရုံအုပ်ထံမှ သိရသည်။


ဇော်ထက်

https://t.me/MyanmarNationalPost




No comments:

Post a Comment