Pages

Pages

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး က ဗန်ကောက်မြို့ အခြေစိုက် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုများရုံး၏ အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူးအား လက်ခံတွေ့ဆုံ


MNP ၊ စက်တင်ဘာ ၂၁

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ဗန်ကောက်မြို့အခြေစိုက် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုများရုံး၏ အာရှဒေသဆိုင်ရာ ညွှန်ကြား ရေးမှူး မစ္စတာ ဆန်ဂျေးမာသာအား  ယနေ့ နေ့လည်ပိုင်းက နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံအစိုးရနှင့် ကုလသမဂ္ဂ စီမံကိန်းဝန်ဆောင်မှုများရုံးတို့ အကြား လက်ရှိပူးပေါင်းဆောင်ရွက်မှုနှင့် အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ရန်ကုန်မြို့အခြေစိုက် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုများရုံး၏ မြန်မာနိုင်ငံဆိုင်ရာ ယာယီညွှန်ကြားရေးမှူး Ms. Sara Austin Netzer တို့ တက်ရောက်ခဲ့ကြသည်။  


https://t.me/MyanmarNationalPost

No comments:

Post a Comment