Pages

Pages

သထုံမြို့ မူလတန်းကြိုကျောင်း၌ ကျောင်းတွင်း ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ






MNP ၊  စက်တင်ဘာ  ၂၆

မွန်ပြည်နယ်၊ သထုံမြို့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်းတွင် ယနေ့ နံနက် ၉ နာရီခွဲ အချိန်ခန့်က ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအ‌ဝေးနှင့် ကျောင်းတွင်းဉာဏစွမ်းရည်ပြိုင်ပွဲ၊ ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် ရှေးဦးစွာ သထုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်အေးခန့်က အမှာစကားပြောကြားပြီး ဉာဏစွမ်းရည်ပြိုင်ပွဲကို ကျင်းပရာ သထုံမြို့ မူလတန်းကြိုကျောင်းမှ ကလေးငယ်များက အကြီးတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ သီချင်းဆိုပြိုင်ပွဲ၊ ပန်းချီဆွဲပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး အငယ်တန်းအဆင့် မူကြိုကလေးငယ်များက ကလေးကဗျာများ တေးသီချင်းများဖြင့် ဖျော်ဖြေကြကာ တာဝန်ရှိသူတို့က အကဲဖြတ်အမှတ်ပေးဆုရွေးချယ်ပေးခဲ့ကြသည်။


ယင်းနောက် မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအ‌ဝေးကိုကျင်းပရာ တာဝန်ရှိသူတို့က မိဘဆရာအသင်း အမှုဆောင်အဖွဲ့ အစီရင်ခံစာ၊ ဆောင်ရွက်ချက်များနှင့် ငွေစာရင်းရှင်းတမ်းတို့ကိုဖတ်ကြားပေးခဲ့ကြပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် မိဘဆရာအသင်း အမှုဆောင်အဖွဲ့၏ အမည်စာရင်းကို‌ဖတ်ကြားကာ တက်ရောက်လာသူတို့၏ သဘောတူညီချက်ရယူခဲ့ကြသည်။


ဆက်လက်၍ ဆုချီးမြှင့်ပွဲကိုကျင်းပရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်အေးခန့်၊ သထုံခရိုင် လူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မိုးမိုးနှင့် တာဝန်ရှိသူများ၊ သထုံမူလတန်းကြိုကျောင်း မိဘအမှုဆောင်အဖွဲ့တို့မှ တာဝန်ရှိသူတို့က ယနေ့ကျင်းပသည့် အကြီးတန်းနှင့် အငယ်တန်း ကဗျာရွတ်၊ သီချင်းဆို ပြိုင်ပွဲတို့မှ ဆုရရှိကြသည့် ကလေးငယ်များအား အသီးသီးဆုချီးမြှင့်ပေးခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment