Pages

Pages

ကွမ်းခြံကုန်းမြို့နယ်တွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းဖြင့် စတုတ္ထအကြိမ်မြောက်စီမံကိန်းရန်ပုံငွေများ ပြန်လည်ထုတ်ချေးပေး



MNP ၊  စက်တင်ဘာ  ၂၀

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကော့ဒွန်းကျေးရွာအုပ်စု၊  ကော့ဒွန်းကျေးရွာနှင့် ကြခတ်ကုန်းကြီးကျေးရွာအုပ်စု၊ ကြခတ်ကုန်းကြီးကျေးရွာတို့တွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး စက်တင်ဘာလဒုတိယအပတ်က အဆိုပါကျေးရွာနှစ်ရွာတို့တွင် စတုတ္ထအကြိမ်မြောက်အဖြစ် စီမံကိန်းရန်ပုံငွေများကို တာဝန်ရှိသူများက ပြန်လည်ထုတ်ချေးပေးသည်။


စီမံကိန်းရန်ပုံငွေများပြန်လည် ထုတ်ချေးပေးရာတွင်လည်း ကွမ်းခြံကုန်းမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စုသီတာလင်းနှင့် စီမံကိန်းတာဝန်ခံများက  ကော့ဒွန်းကျေးရွာတွင် ကျေးရွာနေအသင်းသား၊ အသင်းသူ (၁၁၄) ဦးတို့အား စီမံကိန်းရန်ပုံငွေကျပ် (၂၉၄၀၀၀၀၀)နှင့် ကြခတ်ကုန်း ကြီးကျေးရွာတွင် အသင်းသား၊ အသင်းသူ (၂၉၀) ဦးတို့အား စီမံကိန်းရန်ပုံငွေကျပ် (၃၆၄၀၀၀၀၀) တို့ကို စတုတ္ထအကြိမ်မြောက်အဖြစ် ပြန်လည်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment