Pages

Pages

နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ဝါသနာတူ(Club) အဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ


MNP ၊  စက်တင်ဘာ  ၂၂

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးနှင့် ဝါသနာတူ (Club)အဖွဲ့ဝင်များဖြင့် ပူးပေါင်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။


ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နမ္မတူမြို့နယ်ရုံးမှ ဦးစီးအရာရှိ  ဒေါ်နန်းမျိုးဆောင်းကျော်က (Book Club)၊ (Women Club)၊ (Youth Club) အဖွဲ့ဝင်များဖြင့် ပူးပေါင်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် (Book Club) အဖွဲ့ဥက္ကဋ္ဌ ဒေါ်သိန်းသိန်းဝင်း၊ (Women Club) အဖွဲ့ဥက္ကဋ္ဌ ဒေါ်စမ်းသွင်နှင့် (Youth Club)အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဟန်တို့က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူ လူငယ်လူငယ်ရွယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ဆွေးနွေးတင်ပြရာ ဦးစီးအရာရှိ ဒေါ်နန်းမျိုးဆောင်းကျော်က ပြန်လည်ဖြည့်စွက် ဆွေးနွေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


လူမော်

https://t.me/MyanmarNationalPost




No comments:

Post a Comment