Pages

Pages

ဗဟန်း၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌ စာဖတ်ဝိုင်း ကျင်းပ




MNP ၊  စက်တင်ဘာ ၄

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင် (ဗဟန်း) လူထုအခြေပြုဗဟိုဌာန Community Centre တွင် ယမန်နေ့ ၊ ‌နေ့လယ် ၁ နာရီက စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့နှင့် စာဖတ်ဝိုင်း ပြုလုပ်ဆွေးနွေးခဲ့သည်။ 


အဆိုပါ စာဖတ်ဝိုင်းတွင် စာရေးဆရာရွှေစကြာ ရေးသားသည့် "ဓာတုကလျာ" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ဆွေးနွေးခဲ့ရာ ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာမိုးက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို  ရှင်းလင်းပြောကြားခဲ့သည်။


ဆက်လက်၍  စာဖတ်ဝိုင်းကိုကျင်းပရာ စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club) ဥက္ကဌ စာရေးဆရာဟိန်း‌ဇေက ဦးဆောင်၍ စာရေးဆရာရွှေစကြာရေးသားသည့် "ဓာတုကလျာ" စာအုပ်ပါအကြောင်းအရာများကို ဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် စာပေဝါသနာရှင်များက စာအုပ်ပါအကြောင်းအရာများရှိ ထင်မြင်ယူဆချက်များကို အပြန်အလှန် ဆွေးနွေးကြ‌သည်။


အဆိုပါ စာဖတ်ဝိုင်းသို့ စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ၊ စာပေချစ်သူများ တက်ရောက်ကြကြောင်း သိရသည်။


မိုးမိုး

https://t.me/MyanmarNationalPost




No comments:

Post a Comment