Pages

Pages

ရခိုင်ပြည်နယ် မောင်တောမြို၌ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ကျောင်းအခြေပြုစတင်ထိုးနှံပေး






MNP ၊  စက်တင်ဘာ  ၁၈

ရခိုင်ပြည်နယ် ၊ မောင်တောခရိုင်၊ မောင်တောမြို့၌  အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ် မကျော်သည့် မိန်း ကလေး များအား သားအိမ် ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ကျောင်းအခြေပြုစတင်ထိုးနှံခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန် သတ်မှတ်ကျောင်းများတွင် ထိုးနှံပေးလျက်ရှိရာ   မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ နုကေ သီစံ ၊ မြို့နယ်ပညာရေးမှူး (တာဝန်ခံ) ဦးဇော်လင်းဦး ၊ ကျောင်းအုပ်ဆရာကြီး  ၊ ဆရာမကြီးများနှင့် တာဝန်ရှိသူများက စနစ်တကျ ထိုးနှံနိုင်ရေး ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။


အဆိုပါ သားအိမ် ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ကျောင်းအခြေပြု ထိုးနှံပေးရာတွင် မြန်မာ တစ်နိုင်ငံလုံးတွင် ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့မှ ၂၀၁၄ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့အတွင်း မွေး ဖွားသော မိန်း ကလေးငယ်များအား ၂၀၂၃ ခုနှစ် သြဂုတ် လမှ အောက်တိုဘာလအတွင်း သားအိမ်ခေါင်း ကင်ဆာ ရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေးမည်ဖြစ်ရာ ယနေ့ နံနက်ပိုင်းက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ၊ အမှတ်(၁) အခြေခံ ပညာ အလယ်တန်းကျောင်း ၊  ရွှေဇားစေတီပြင် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ၊ မောင်နီကျေးရွာရှိ အခြေခံပညာ မူလ တန်း ကျောင်းများရှိ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ် မကျော်သည့် လျာထားကျောင်းသူ  ၃၉၉ ဦးအား ကာကွယ် ဆေး ထိုးနှံခြင်း မပြုမှီ စာရင်းများ ကောက်ယူခြင်း  ၊ သွေးတွင်း အောက်ဆီဂျင် တိုင်းတာခြင်း ၊ ကိုယ်အပူချိန်တိုင်းတာခြင်းများ ဆောင်ရွက်ပြီးမှ ကျန်းမာရေးဝန်ထမ်းများက သားအိမ် ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV)ကို ကျောင်းသူ များ အား စနစ်တကျထိုးနှံပေးခဲ့ကြသည်။ မောင် တော မြို့နယ်အနေဖြင့် စက်တင်ဘာလ ၁၈ ရက်နေ့ မှ ၂၉ ရက်နေ့အထိ ကျောင်းအခြေပြုထိုးနှံပေးမည်ဖြစ်ပြီး အောက်တိုဘာလ ၁၆ ရက်နေ့မှ ၂၇ ရက်နေ့အထိ ပြည်သူလူထုအခြေပြု ထိုးနှံ ပေး သွားမည်ဖြစ်ကြောင်းသိရသည်။


သက်လွင်စိုး ၊အောင်ကျော်စိန် 

https://t.me/MyanmarNationalPost




No comments:

Post a Comment