Pages

Pages

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ဆက်လက်ထိုးနှံပေး






MNP ၊  စက်တင်ဘာ  ၂၂

ရခိုင်ပြည်နယ် ၊ မောင်တောခရိုင်၊ မောင်တောမြို့နယ်အတွင်းရှိ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ် မကျော်သည့် မိန်း ကလေး များအား သားအိမ် ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ကျောင်းအခြေပြုဆက်လက်ထိုးနှံခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီအချိန် သတ်မှတ်ကျောင်းများတွင် ထိုးနှံပေးလျက်ရှိရာ   ကျောင်းအုပ်ဆရာကြီး  ၊ ဆရာမကြီးများနှင့် တာ ဝန်ရှိသူ များက စနစ်တကျ ထိုးနှံနိုင်ရေး ကူညီဆောင်ရွက်ပေးလျက်ရှိသည်။


ထိုသို့ သားအိမ် ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ကျောင်းအခြေပြု ဆက်လက်ထိုးနှံပေးရာတွင် မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာနုကေသီစံ ကြီးကြပ်၍to ကျန်းမာရေးဝန်ထမ်းများက  အမှတ်(၆) အခြေခံပညာ အလယ်တန်းကျောင်းခွဲ  ၊ ပဲရုံကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း ၊ မီးတိုက်ကျေးရွာရှိ အခြေခံပညာ အလယ်တန်း ကျောင်းခွဲ ၊ မြောတောင်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းခွဲ ၊ ဒါးကြီးစားကျေးရွာရှိ အခြေခံပညာမူလတန်း ကျောင်း ၊ ပွင့်ဖြူချောင်းကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း ၊ ကျားခေါင်းတောင်ကျေးရွာရှိ အခြေခံပညာမူလတန်း လွန်ကျောင်း ၊ ရွာသာယာကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း ၊ ခြံပြင်ကျေးရွာရှိ အခြေခံပညာမူလတန်း ကျောင်း များရှိ အသက် (၉) နှစ်ပြည့်ပြီး (၁၂)နှစ် မကျော်သည့် လျာထားကျောင်းသူ  ၁၁၃  ဦးအား ကာကွယ်ဆေးထိုးနှံခြင်း မပြုမှီ စာရင်း များ စနစ်တကျ ကောက် ယူခြင်း  ၊ သွေးတွင်း အောက်ဆီဂျင် နှင့် ကိုယ်အပူချိန်တိုင်းတာခြင်းများ ဆောင်ရွက်ပြီးမှ သားအိမ် ခေါင်းကင်ဆာ ရောဂါ ကာကွယ်ဆေး (HPV)ကို ကျောင်းသူ များ အား စနစ်တကျထိုးနှံပေးလျက်ရှိသည်။ အဆိုပါ ကာကွယ်ဆေးလာရောက် ထိုးနှံကြသော ကျောင်းသူများ၏ အုပ်ထိန်းသူမိဘများအား ကျန်းမာရေးဝန်ထမ်းများက သား အိမ် ခေါင်းကင်ဆာရောဂါ ကာကွယ် ဆေးထိုးနှံပေးရခြင်းများ နှင့် ပတ်သတ်၍ အသိပညာပေး ဟောပြောခြင်း များကို လည်း ဆောင်ရွက်ပေးခဲ့ကြ ကြောင်းသိရ သည်။ 


သက်လွင်စိုး ၊အောင်ကျော်စိန်

https://t.me/MyanmarNationalPost




No comments:

Post a Comment