Pages

Pages

ရွှေကူမြို့၌ အသက်(၉) နှစ်ပြည့်ပြီး (၁၂) နှစ် မကျော်သေးသော ကျောင်းသူများအား သားအိမ်ခေါင်း ကင်ဆာရောဂါ ကာကွယ်ဆေး (HPV) စတင်ထိုးနှံပေး


MNP ၊  စက်တင်ဘာ  ၂၂

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၌ အသက်(၉) နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သေးသော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV Vaccine) ထိုးနှံခြင်းကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပညာ့ဂုဏ်ရည်ခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီခန့်က စတင်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။


ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါ်အေးအေးခိုင် (သားဖွားဆရာမ) က (HPV) ကာကွယ်ဆေးကို ပုံမှန် ကာကွယ်ဆေးထိုး အစီအစဉ်တွင် စတင်ထည့်သွင်းထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ အသက်(၉) နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သေးသော မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်းဖြင့် (HVP) ပိုးကြောင့် ဖြစ်တတ်သည့် သားအိမ်ခေါင်းကင်ဆာနှင့် မျိုးပွားလမ်းကြောင်းတွင် ဖြစ်ပွားတတ်သည့် ကင်ဆာ ရောဂါများကို ကာကွယ်ပေးနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။


အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိပြီး  ယနေ့တွင် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသူ (၃၃၇) ဦးကို ထိုးနှံပေးခဲ့ပြီး အခြေခံကျောင်းများရှိ  အသက်(၉) နှစ် ပြည့်ပြီး (၁၂) နှစ် မကျော်သေးသော ကျောင်းသူများကို စုရပ်အလိုက် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost





No comments:

Post a Comment