Pages

Pages

ရသေ့တောင်မြို့တွင် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး HPV ဆက်လက်ထိုးနှံလျက်ရှိ






MNP ၊  စက်တင်ဘာ  ၂၀

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၌ အသက် ၉ နှစ်ပြည့်ပြီး ၁၂နှစ် အတွင်းရှိ အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး  HPV  ထိုးနှံခြင်းကို  ယနေ့နံနက် ၁၀ နာရီအချိန်က အမက (၄)ကျောင်းတွင် ထိုးနှံပေးလျက်ရှိရာ ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများ ကစနစ်တကျ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။


အဆိုပါ HPV သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ကျောင်းအခြေပြုဆက်လက်ထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာတင်မြင့်ဦး ဦးဆောင်သော ကျန်းမာရေး သူနာပြု ဆရာမများက ယနေ့အချိန်ထိ အထက(၂)ကျောင်းတွင်ကျောင်းသူ ၁၄၆ဦးနှင့်အမက(၄)ကျောင်း တွင်ကျောင်းသူ ၇၄ဦး စုစုပေါင်း၂၂၀ဦး အား ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီဖြစ်ကြောင်းသိရသည်။


သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံထားခြင်းအားဖြင့် အသက်ငယ်ရွယ်သည့် မိန်းကလေးများတွင်  Human Papilloma Virus (HPV)  သားအိမ်ခေါင်းကင်ဆာ ဗိုင်းရပ်စ်ပိုးကူးစက်မှုနှုန်း ကို ၈၃ ရာခိုင်နှုန်း အထိလျှော့ချပေးနိုင်မည်ဖြစ်သည်။ ရသေ့တောင်မြို့နယ်၌ ကျောင်းအခြေပြု HPV ကာကွယ်ဆေးထိုးနှံခြင်းကို ယခုလ ၁၈ ရက်နေ့မှ ၂၉ ရက်နေ့အထိ ထိုးနှံပေးမည်ဖြစ်ပြီး အောက်တိုဘာလ ၁၆ ရက်နေ့ မှ ၂၇ ရက်နေ့ အထိ  ပြည်သူလူထုအခြေပြုထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရှိရသည်။


ထွန်းလင်းကျော်

https://t.me/MyanmarNationalPost




No comments:

Post a Comment