Pages

Pages

ကျိန္တလီမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းဆောင်ရွက်




MNP ၊  စက်တင်ဘာ  ၂၈

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့ နေ့လည်ပိုင်းက အ.ထ.က ကျိန္တလီကျောင်းရှိ ဆရာ/မများနှင့်  လျှပ်စစ်ရုံးရှိဝန်ထမ်းများအားအခမဲ့ငှားရမ်းပေးခဲ့သည်။


ထိုသို့ဆောင်ရွက်ရာတွင် စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဝန်ထမ်းများအား စာပေ ဖတ်ရှုနိုင်စေရေး၊ စာပေမှရရှိသည့်အသိပညာဗဟုသုတများ တိုးပွားစေရေးနှင့် စာပေဖတ်ရှုသည့် အလေ့အထများ ရရှိစေရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး သုတ/ ရသ စာအုပ်များကို စာဖတ် ပရိတ်သတ်အကြိုက် ငှားရမ်းပေးခဲ့သည်။


အဆိုပါ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို တစ်ပတ် ပြည့်လျှင် စာအုပ်အသစ်များဖြင့် လဲလှယ်ငှားရမ်းပေးသွားမည်ဖြစ်ကြောင်းသိရသည်။


ဇော်လင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment