Pages

Pages

စစ်တွေမြို့၌ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းနေ့(Word Ozone Day)အထိမ်းအမှတ် အခမ်းအနားကျင်းပ









MNP ၊  စက်တင်ဘာ  ၁၆

 ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းနေ့(Word Ozone Day)အထိမ်းအမှတ် အခမ်းအနားကို  စစ်‌တွေမြို့ လောကာနန္ဒာစေတီ‌ပရဝုဏ်အတွင်းရှိ သာသနာ့ဗိမာန်‌တော်၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။


အဆိုပါအခမ်းအနားသို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ပြည်နယ်လုံခြုံ‌ရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ ရှေးဦးစွာ ပြည်နယ်လုံခြုံ‌ရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရက ကမ္ဘာ့လေထုအတွင်း အိုဇုန်းလွှာပျက်စီးစေသည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြည်သူလူထုအားလုံး အသိစိတ်ဓာတ်ရှိရှိဖြင့် တက်တက်ကြွကြွ ပူးပေါင်းပါဝင်ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်သူလူထုအနေဖြင့် အိုဇုန်းလွှာ ပျက်စီးစေသည့် ဒြပ်ပစ္စည်းများကို သုံးစွဲမည့်အစား အိုဇုန်းလွှာကို မထိခိုက်စေသည့်ပစ္စည်းများကို အစားထိုးသုံးစွဲခြင်းနှင့် လျှော့ချသုံးစွဲခြင်းအားဖြင့် ကမ္ဘာ့အပူချိန်လျော့ချရေး  ဆက်လက်ဆောင်ရွက်ရန် ပူးပေါင်းပါဝင်သွားကြရမည်ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားသည်။ 


ဆက်လက်၍ အိုဇုန်းလွှာကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဗီဒီယိုပြသခဲ့ပြီး ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းနေ့(Word Ozone Day)အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲဆုရ ကျောင်းသား/ကျောင်းသူများအား ပြည်နယ်လုံခြုံ‌ရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရကလည်းကောင်း၊ ပန်းချီပြိုင်ပွဲဆုရ ကျောင်းသား/ကျောင်းသူများကို ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင်ကလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။


ထိုနောက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ပြည်နယ်လုံခြုံ‌ရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်အဆင့်ဌာနဆိုင်ရာများက ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းနေ့(Word Ozone Day)အထိမ်းအမှတ် အခမ်းအနားတွင် ခင်းကျင်းပြသထားသောပြခန်းအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရှိရသည်။


မြင့်စိုးဦး

https://t.me/MyanmarNationalPost



No comments:

Post a Comment