Pages

Pages

အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကို တိုက်ရိုက်သတင်းပို့နေစဉ် Al Jazeera သတင်းထောက်တစ်ဦး သေဆုံး


MNP ၊ အောက်တိုဘာ ၂၆

Al Jazeera ၏ Gaza ဗျူရိုအကြီးအကဲ Wael Al-Dahdou သည် ၎င်း၏ဇနီး၊ သမီးနှင့် သားတို့ ခိုလှုံရာ အဆောက်အအုံတစ်ခုပေါ်တွင် တိုက်ရိုက်သတင်းပို့နေစဉ် လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ကြောင်း သိရသည်။

“ Wafa ဆေးရုံနဲ့ ကပ်လျက် ဒီဧရိယာမှာ လေကြောင်းတိုက်ခိုက်မှုတွေ အများအပြားရှိခဲ့ပါတယ်။ ဒါဟာ သွေးထွက်သံယိုတဲ့ ညတစ်ညဖြစ်လိမ့်မယ်” ဟု ဂါဇာကမ်းမြောင်အလယ်ပိုင်းရှိ သီးခြား အစ္စရေးလေကြောင်းတိုက်ခိုက်မှုကို သတင်းပို့စဉ် Wael Al-Dahdou က အဆိုပါ အပျက်အစီးအခိုက်အတန့်ကို တိုက်ရိုက်ထုတ်လွှင့်မှုတွင် ပြောကြားခဲ့သည်။

နောက်ကွယ်မှ တစ်စုံတစ်ဦးနှင့် စကားပြောဆိုနေသည့် ဝါရင့်သတင်းစာဆရာက “ဘာဖြစ်တာလဲ၊ သူတို့ဘယ်ရောက်နေလဲမသိဘူး" နောက်ကွယ်မှ တစ်စုံတစ်ယောက်က "မင်းရဲ့သမီး၊ အမျိုးသမီးက ဆေးရုံမှာနေတာ..."

တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုတွင် Al Jazeera သတင်းထောက်တစ်ဦးက ၎င်း၏လုပ်ဖော်ကိုင်ဖက် မိသားစုတစ်စုလုံး ဂါဇာအလယ်ပိုင်းတွင် လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသွားကြောင်း ထုတ်လွှင့် ပြောဆိုခဲ့သည်။

"Dahdouh သည် မကြာသေးမီက ကျွန်ုပ်တို့၏ ချန်နယ်တွင် တိုက်ရိုက်ထုတ်လွှင့်ခဲ့ပြီး ၎င်း၏မိသားစု အသတ်ခံခဲ့ရသော ဒေသတွင် လေကြောင်းတိုက်ခိုက်မှုအကြောင်း သတင်းပေးပို့ခဲ့သည်" ဟု  ပြောကြားခဲ့သည်။


Ref - DB

https://t.me/MyanmarNationalPost

No comments:

Post a Comment