Pages

Pages

ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့အခြေစိုက် အာဆီယံ-ဆိုးလ်ကော်မတီမှ ASEAN Family Gathering Day အခမ်းအနားကျင်းပ





MNP ၊ အောက်တိုဘာ ၂၃

ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့အခြေစိုက် အာဆီယံ-ဆိုးလ်ကော်မတီ (ASEAN Committee in Seoul- ACS) အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် လာအိုသံရုံးက ကြီးမှူး၍ အာဆီယံသံရုံးများပါဝင်သည့် ASEAN Family Gathering Day ကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၂) ရက်နေ့၊ (၀၉၃၀) နာရီမှ (၁၄၀၀) နာရီအထိ ဆိုးလ်မြို့ရှိ Banpo Hangang Park တွင် ကျင်းပခဲ့သည်။ 

အဆိုပါအခမ်းအနားသို့ ကိုရီးယားသမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာနှင့် အရှေ့တောင်အာရှရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Lee Dong Gy နှင့် အရာထမ်းများ၊ ASEAN-Korea Centre- AKC မှ အရာထမ်းများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံရုံးအကြီးအကဲများနှင့် ဇနီးများ၊ မိသားစုဝင်များတက်ရောက်ခဲ့ပါကြောင်းနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများမှ လွန်ဆွဲအားကစားနှင့် အခြားသော အားကစားပြိုင်ပွဲများ အသီးသီးတွင် ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။ 

အခမ်းအနားတွင် အာဆီယံသံရုံးများနှင့်အတူ မြန်မာသံရုံးမှလည်း  မြန်မာ့ရိုးရာအစား အသောက်များဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရှိရသည်။

           

https://t.me/MyanmarNationalPost

No comments:

Post a Comment