Pages

Pages

ပေါက်တောမြို့၌ Biometric လုပ်ငန်းများဆောင်ရွက်ပေး





MNP ၊ အောက်တိုဘာ ၂၆

ရခိုင်ပြည်နယ် စစ်တွေခရိုင် ပေါက်တောမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပေါက်တောမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ Biometric ဆောင်ရွက်ခြင်း လုပ်ငန်းကို ယနေ့ နံနက်ပိုင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရို အစည်းအဝေးခန်းမတွင် ပြုလုပ်ဆောင်ရွက်ပေးသည်။


ထို့သို့ ဆောင်ရွက်ရာတွင် ပေါက်တောမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစောထွန်းဖြူ နှင့် ဝန်ထမ်းများက ပေါက်တောမြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများအား Biometric လုပ်ငန်းများပြုလုပ်ပေးကြသည်။

အဆိုပါ Biometric လုပ်ငန်းများပြုလုပ်ပေးနေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျန်အေး နှင့် အဖွဲ့ဝင်များက လာရောက်ကြည့်ရှုအားပေးကြကြောင်း သိရသည်။


ဝင်းမင်းစိုး

https://t.me/MyanmarNationalPost




No comments:

Post a Comment