Pages

Pages

ကမ္ဘောဒီးယား အပြည်ပြည်ဆိုင်ရာ လေဆိပ်အသစ် လုပ်ငန်းစတင်လည်ပတ်




MNP ၊ အောက်တိုဘာ ၂၆

တရုတ်ဘဏ်ချေးငွေဖြင့် အကောင်အထည်ဖော်သည့် လေဆိပ်ဖြစ်ပြီး ကမ္ဘောဒီးယား၏ နောက်ဘိတ်ဆုံး အသစ်နှင့် အကြီးမားဆုံးလေဆိပ် ဖြစ်သည့်  Siem Reap-Angkor International Airport ကို အောက်တိုဘာလ ၁၆ ရက်မှ စတင်အသုံးပြုနေပြီဖြစ်ကြောင်း သိရသည်။

လေဆိပ်သည် Belt and Road Initiative BRI အတွက် အထင်ကရ စီမံကိန်းတစ်ခု ဖြစ်ပြီး တရုတ်ကုမ္ပဏီများက ဆောက်လုပ်ရေး-လည်ပတ်-လွှဲပြောင်းပုံစံအရ ပထမဆုံး အကောင်အထည်ဖော်ခဲ့သည့် အပြည်ပြည်ဆိုင်ရာလေဆိပ်စီမံကိန်းလည်း ဖြစ်ပါသည်။

တရုတ်နိုင်ငံ မြောက်ပိုင်း ရှန်ရှီးပြည်နယ် အခြေစိုက် Shanxi CIG Machinery Construction Group သည် ၂၀၂၀ ခုနှစ် နိုဝင်ဘာလတွင် စတင်ခဲ့သော လေဆိပ်တည်ဆောက်ရေး စီမံကိန်းတွင် ပါဝင်ခဲ့ပြီး လေယာဉ်ပြေးလမ်းအသစ်၊ vertical liaison lanes လေးခု၊ အပြိုင်taxi channels များနှင့် အမြဲတမ်းရေပေးဝေရေးကို ဆောက်လုပ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လေဆိပ်သစ်သည် နှစ်စဉ်ခရီးသည် ၇ သန်းခန့် ကိုင်တွယ်ပေးနိုင်ရန် ဒီဇိုင်းထုတ်ထားခြင်းဖြစ်ကြောင်း သိရသည်။


Ref - China Daily 

https://t.me/MyanmarNationalPost

No comments:

Post a Comment