Pages

Pages

မဟာအောင်မြေမြို့နယ် အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်းခွဲ၌ လူငယ်ရေးရာ ဟောပြောပွဲကျင်းပ




MNP ၊ အောက်တိုဘာ  ၄

မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၊ အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ ဟောပြောပွဲကို  ယနေ့နံနက်(၁၀) နာရီက ကျင်းပခဲ့သည်။


ရှေးဦးစွာ အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်းခွဲမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မေသူသူမောင်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဦးဘိုဘိုဟန်က လူငယ်ရေးရာ ဟောပြောပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။


၎င်းနောက် စာရေးဆရာမကြီး ဒေါ်နုနုကြည်(အမေ့အိမ်)က လူငယ်ရေးရာနှင့်ပတ်သက်၍ ကျောင်းသား‌/သူများအနေဖြင့် ပညာ၏တန်ဖိုးကိုသိရှိနားလည်ပြီး  ပညာတတ်မှသာလျှင် အမှားအမှန်‌ ဝေဖန်ပိုင်းခြားနိုင်မည်ဖြစ်ကြောင်း၊ စာပေများကို စနစ်တကျ သင်ယူလေ့လာရမည်ဖြစ်ကြောင်း၊ စာပေဗဟုသုတများကို ကျောင်းနေအရွယ်ကလေးဘဝတွင် အချိန်ပေးပြီး လေ့လာဖတ်ရှုသင့်ကြောင်း၊ မိမိတို့ကျောင်းနေအရွယ်ကလေးဘဝသည်  အချိန်ကိုတန်းဖိုးရှိရှိ အသုံးချတတ်စေရန်၊ အရေးအဖတ်ကျွမ်းကျင်စေရန်နှင့် လူတိုင်းစာပေဖတ်ရှုသင့်ကြောင်း စသည့်အကြောင်းအရာများကို ဟောပြောခဲ့ပြီး အားကစားနှင့် ကာယပညာဦးစီးဌာန တာဝန်ရှိသူတစ်ဦးက အားကစားနှင့်ပတ်သက်သည်များ အသိပညာပေး ဟောပြောခဲ့သည်။


ဆက်လက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော နံရံစာစောင်များနှင့် စာအုပ်၊စာစောင်များအား ကျောင်းသား/သူများမှ ကြည့်ရှုလေ့လာခဲ့ကြောင်းသိရသည်။


အဆိုပါ ဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုဘိုဟန်၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်‌မေသူသူမောင်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၂၀၀)ဦး တက်ရောက်ကြောင်းသိရသည်။


အောင်ဇော်မင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment