Pages

Pages

ဥတ္တရသီရိမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျေးရွာနှစ်ရွာဆက်သွယ်ထားသည့်လမ်း ‌ချောင်းရေတိုက်စားမှုဖြစ်ပွား


MNP ၊ အောက်တိုဘာ ၂၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌  မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အောက်တိုဘာ ၂၄ရက်နေ့ နံနက်ပိုင်းတွင် ဘုရားတောင်ကျေးရွာနှင့် ပိုတက်ကျေးရွာတို့ ဆက်သွယ်ထားသည့်လမ်း ချောင်းရေတိုက်စားမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။


ထိုသို့ဖြစ်ပွားရာ လမ်း၏ အလျား ၅၀ ပေ၊အနံ ၁၀ ပေခန့် ပြတ်တောက်ပျက်စီးသွားပြီး လတ်တလောအခြေအနေတွင် ဆက်သွယ်သွားလာရေးပြတ်တောက်မှုမရှိစေရေးနှင့်  ဆက်လက်ပျက်စီးမှုမရှိစေရေးတို့အတွက် ကျေးရွာအစီအစဉ်ဖြင့် မျှောတိုင်များရိုက်ပြီး သဲအိတ်များဖြည့်ကာ ပြန်လည်ပြုပြင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် လိုအပ်သည်များကို မြို့နယ်ကျေးလက်လမ်းဦးစီးဌာနနှင့် မြစ်ချောင်းဖွံ့ဖြိုးရေးဦးစီးဌာနတို့ဖြင့် ပေါင်းစပ်ညှိုနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


အောင်မျိုးဝင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment