Pages

Pages

ဂူတာရက်စ် နှင့် ကုလသမဂ္ဂ အရာရှိများအား ဗီဇာထုတ်ပေးခြင်းကို ရပ်တန့်မည်ဟု အစ္စရေးသံတမန်ပြော


တဲလ်အဗွီ၊ အောက်တိုဘာ ၂၅

ပါလက်စတိုင်းနှင့် အစ္စရေးတို့ကြား ပဋိပက္ခနှင့်ပတ်သက်၍ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်နှင့် ကုလသမဂ္ဂ အရာရှိများအား အစ္စရေးမှ ဗီဇာထုတ်ပေးရန် ငြင်းဆိုမည်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ အစ္စရေး အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး Gilad Erdan က ပြောကြားခဲ့သည်။

"ဂူတာရက်စ် ရဲ့ မှတ်ချက်ကြောင့်၊ ကုလသမဂ္ဂ ကိုယ်စားလှယ်တွေကို ဗီဇာထုတ်ပေးဖို့ ငြင်းဆိုသွားမှာပါ" ဟု အာဒန်က ပြောကြားခဲ့သည်။

“လူသားချင်းစာနာထောက်ထားမှုရေးရာဆိုင်ရာ လက်ထောက်အထွေထွေအတွင်းရေးမှူး Martin Griffiths ရဲ့ ဗီဇာကို ကျွန်တော်တို့ ငြင်းဆိုထားပြီးပါပြီ” ဟု Erdan က ဆက်လက်ပြောကြားခဲ့သည်။ “သူတို့ကို သင်ခန်းစာပေးဖို့ အချိန်ရောက်လာပြီ” ဟု ၎င်းက ဆိုသည်။

အင်္ဂါနေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အရှေ့အလယ်ပိုင်းက အခြေအနေတွေကို လေးပွင့်ဆိုင် ဆွေးနွေးပွဲ မိန့်ခွန်းပြောကြားရာမှာ ဂူတာရက်စ်ရဲ့ မှတ်ချက်နဲ့ ပတ်သက်လို့ အစ္စရေးဘက်က အခုလို သဘောထားထွက်ပေါ်လာခြင်းဖြစ်သည်။

အာဒန်က ဂူတာရက်စ်ကို ရာထူးတာဝန်မှ နှုတ်ထွက်ရန်လည်း တောင်းဆိုခဲ့သည်။

တဖန် အစ္စရေး၏ ထိပ်တန်းသံတမန် Eli Cohen သည် ပါလက်စတိုင်းနှင့် အစ္စရေးတို့ကြား နောက်ဆုံးဖြစ်ပေါ်နေသော တင်းမာမှုများနှင့် ပတ်သက်၍ ဂူတာရက်စ် နှင့် ပုဂ္ဂိုလ်ရေးတွေ့ဆုံမှုများ ဆောင်ရွက်မည့် အစီအစဉ်များကိုလည်း ဖျက်သိမ်းခဲ့သည်။


Ref - Tass

https://t.me/MyanmarNationalPost

No comments:

Post a Comment