Pages

Pages

စဉ့်ကူးမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာငွေများ ပုံမှန်ထုတ်ပေးလျက်ရှိ




MNP ၊ အောက်တိုဘာ  ၂၃

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာငွေများကို ယနေ့နံနက် ၅ နာရီ ၁၅ မိနစ် အချိန်မှစ၍  ထုတ်ပေး​လျက်ရှိသည်။


စဉ့်ကူးမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ (ပင်စင်)လစာထုတ်ယူရာတွင် E-pension card ဖြင့် ထုတ်ယူသူ (၁၀၅၁) ဦးနှင့် manual ဖြင့် ထုတ်ယူသူ (၆၇) ဦး၊ စုစုပေါင်း (၁၁၁၈) ဦး ရှိရာ ပင်စင်ထုတ်ယူရာတွင် အခက်အခဲမရှိစေရန် အုပ်စုများခွဲကာ နေ့ရက်သတ်မှတ်ပေး၍ အလှည့်ကျ ထုတ်ပေးလျက်ရှိကြောင်း၊ အငြိမ်းစားဝန်ထမ်းများ၏ လုံခြုံရေးကိုလည်း သက်ဆိုင်ရာ တာဝန်ရှိသူ များက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လူစုလူဝေးမဖြစ်ပေါ်စေရေး၊ မလိုလားအပ်သော ပြဿနာများ မဖြစ်ပေါ်စေရေးအတွက် စနစ်တကျထုတ်ပေးလျက်ရှိကြောင်း၊ ပင်စင်လစာထုတ်ယူရန် ကိုယ်တိုင် မလာရောက်နိုင်သူ အငြိမ်းစားများအနေဖြင့် ကိုယ်စားလှယ်လွှဲစာဖြင့် ထုတ်ယူနိုင်ကြောင်း၊ ထုတ်ယူရန် ကျန်ရှိသူများအတွက် ပင်စင်လစာငွေ ထုတ်ပေးခြင်းကို နေ့စဉ် ရုံးပိတ်ရက်မှ အပ ရုံးဖွင့်ချိန်များတွင် ထုတ်ပေးသွားမည်ဖြစ်ကြောင်း စဉ့်ကူးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာ ထံမှ သိရသည်။


တင်ဇာလွင်

https://t.me/MyanmarNationalPost




No comments:

Post a Comment